ဖိလစ်ပိုင် ဝယ်လိုအားကြောင့် မြန်မာ့ GW-11 ဆန် စံချိန်တင် ဈေးကောင်းရရှိ

ဖိလစ်ပိုင်နိုင်ငံမှ ဝယ်လိုအား မြင့်တက်လာမှုကြောင့် မြန်မာ့ GW-11 ဆန်၏ ပြည်ပ ပို့ကုန်ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ ခန့် အထိ စံချိန်တင် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရပါတယ်။

: ထိုင်းနိုင်ငံမှ တင်ပို့သည့် ဆန်တစ်တန်လျှင် ဒေါ်လာ ၄၈၀ ခန့်သာ ရှိသော်လည်း မြန်မာ့ GW-11 ဆန်မှာ ဒေါ်လာ ၅၈၀ အထိ ရရှိနေသဖြင့် အခြား ဆန်တင်ပို့သည့် နိုင်ငံများထက် စံချိန်တင် ဈေးကောင်း ရရှိနေခြင်းဖြစ်သည်။

GW-11 ဆန်ကို ၂၀၂၄ တွင် တရုတ်သို့ စတင်တင်ပို့ခဲ့ပြီး ၂၀၂၆ တွင် ဖိလစ်ပိုင်သို့ စတင်ရောင်းချခဲ့သည်။ ဧရာဝတီနှင့် မန္တလေးတိုင်းထွက် GW-11 ဆန်များ ဝယ်လိုအား မြင့်မားနေပြီး ဖိလစ်ပိုင်ကလည်း ဆက်လက် မှာယူလျက်ရှိသည်။

၂၀၂၆ ခုနှစ် ဧပြီမှ ဩဂုတ်လအထိ မြန်မာနိုင်ငံ၏ ပြည်ပ ဆန်တင်ပို့မှု ပမာဏမှာ တန်ချိန် ၈ သိန်းကျော်လွန်ခဲ့ပြီ ဖြစ်သည်။

MRF အမှုဆောင် ဦးစိုင်းကျော်၏ ပြောကြားချက်အရ ဈေးကောင်းရရှိခြင်းမှာ စက်ကြိတ်ခွဲမှုကြောင့် မဟုတ်ဘဲ GW-11 ဆန်၏ မူလ အရည်အသွေး ကောင်းမွန်မှုကြောင့် ဖြစ်သည်။

MRF အနေဖြင့် GW-11 ဆန်၏ အရည်အသွေး မကျဆင်းစေဘဲ အခြား တိုင်းနှင့် ပြည်နယ်များတွင်ပါ တိုးချဲ့ စိုက်ပျိုးရန် တိုက်တွန်းထားသည်။ ထို့ပြင် မြန်မာနိုင်ငံသည် ဘယ်လ်ဂျီယံ အပါအဝင် ပြည်ပနိုင်ငံများသို့ ဆန်ကွဲများပါ အမြောက်အမြား တင်ပို့လျက် ရှိသည်။

Source;The Nation