၁၇ နှစ်အရွယ် မိန်းကလေးအား မြှူဆွယ်၍ အပြာဗီဒီယို ရိုက်ကာ OnlyFans တွင် ရောင်းစားသည့် အင်ဖလူရင်ဆာ ဖမ်းဆီးခံရ

ဖော်လိုဝါ ၃ သိန်းကျော်ရှိသည့် နာမည်ကြီး အင်ဖလူရင်ဆာတစ်ဦးသည် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မြှူဆွယ်ဖျားယောင်း၍ အပြာဗီဒီယို ရိုက်ကူးကာ OnlyFans ပလတ်ဖောင်းပေါ်တွင် တင်ဆက်ရောင်းချခဲ့သဖြင့် ထိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (Anti-Trafficking Police) က ၎င်း၏ နေအိမ်သို့ စီးနင်းဝင်ရောက် ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

X (Twitter) ပလတ်ဖောင်းပေါ်တွင် “Boom Axio” သို့မဟုတ် “Boom58” အမည်ဖြင့် ဖောလိုးဝါး ၃၁၆,၉၀၀ ကျော် ရှိသည့် အသက် ၃၂ နှစ်အရွယ် မစ္စတာ နာရတ်ပတ် (Naratpat / Boom Axio) ဆိုသူ ဖြစ်သည်။ ၎င်းအား ခလောင်ဆမ်ဝါ (Khlong Sam Wa) မြို့နယ်၊ ဖြာယာဆူရင် (Phraya Suren) လမ်းရှိ ၎င်း၏ နေအိမ်တွင် သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အသက် ၁၅ နှစ်ထက်ကျော်ပြီး ၁၈ နှစ်မပြည့်သေးသည့် ကလေးသူငယ်များအား အလွဲသုံးစားပြု၍ ကလေးအပြာဗီဒီယို ထုတ်လုပ်ခြင်းဖြင့် လူကုန်ကူးမှု၊ ကလေးအပြာဗီဒီယို လက်ဝယ်ထားရှိမှုနှင့် စီးပွားရေးအရ ဖြန့်ဝေမှု၊ မိဘအုပ်ထိန်းသူထံမှ ကလေးသူငယ်အား ခေါ်ဆောင်သွားမှု၊ လိင်ပိုင်းဆိုင်ရာ ပြုမူရန် စည်းရုံးလှုံ့ဆော်မှုနှင့် ကွန်ပျူတာဥပဒေ ပုဒ်မများအပါအဝင် အာမခံမရနိုင်သော အပြင်းထန်ဆုံး ပြစ်မှုများဖြင့် တရားစွဲဆိုထားသည်။

လက်ကိုင်ဖုန်း ၃ လုံး၊ ဗီဒီယိုထဲတွင် ဝတ်ဆင်ထားသည့် အဝတ်အစားများနှင့် Siam Commercial Bank ဘဏ်စာအုပ်တို့ကို သက်သေအဖြစ် သိမ်းဆည်းရမိခဲ့သည်။

တရားခံသည် လတ်ဖရောက် (Lat Phrao) ဧရိယာရှိ ဟိုတယ်အခန်းတစ်ခုကို “Studio” အဖြစ် အသုံးပြုကာ အပတ်စဉ် သောကြာနေ့တိုင်း ဗီဒီယိုအသစ်များ ရိုက်ကူး၍ OnlyFans ပေါ်သို့ တင်ခဲ့သည်။ အဆိုပါ လုပ်ရပ်ကို ၂၀၂၃ ခုနှစ် အကုန်ပိုင်းမှစ၍ ၃ နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် အလယ်ပိုင်းတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် လိင်ဆက်ဆံသည့် ဗီဒီယိုများကို လစဉ်ကြေးယူ၍ မဟာမိတ် စီမံကိန်းအဖြစ် စီးပွားဖြစ် ရောင်းချခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးချက်များအရ တရားခံသည် အဆိုပါ အပြာဗီဒီယိုများ ရောင်းချခြင်းမှ တစ်လလျှင် ပျှမ်းမျှ ဘတ် ၁၂၀,၀၀၀ ခန့် ရရှိခဲ့ပြီး စုစုပေါင်း ဘတ် သန်း ၃၀ ကျော် (ဘတ် ၃ သန်းကျော် – 3 Million Baht) ဝင်ငွေ ရရှိခဲ့ကြောင်း ဘဏ်စာရင်းများနှင့် အထောက်အထားများအရ ဖော်ထုတ်ရရှိခဲ့သည်။

တရားခံ မစ္စတာ နာရတ်ပတ် မှာ စစ်ဆေးမေးမြန်းစဉ် အပြစ်ရှိကြောင်း အပြည့်အဝ ဝန်ခံထားပြီး ရဲတပ်ဖွဲ့က တရားဥပဒေအရ အပြင်းထန်ဆုံး အရေးယူနိုင်ရေးအတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဌာနချုပ်သို့ လွှဲပြောင်းပေးထားသည်။

Source;Thairath