ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ (Kanchanaburi) ခရိုင်၊ ထောင်ဖာဖူးမ် (Thong Pha Phum) မြို့နယ်ရှိ ထန်းစိုက်ခင်း တဲအတွင်း မြန်မာအမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ထွက်ပြေးလွတ်မြောက်နေသည့် သံသယရှိသူ “လာဆို” (Laso) ဆိုသူအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ပါတယ်။
လွန်ခဲ့သော အောက်တိုဘာ ၂၀ ရက် ည ၉ နာရီခွဲခန့်က သာခနုန်း (Tha Khanun) ရပ်ကွက်ရှိ ထန်းစိုက်ခင်း တဲအတွင်း၌ အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံသား ဦးအာ (Mr. Ah) ဆိုသူ၏ ရင်ဘတ်တွင် သေနတ်ဒဏ်ရာ ၁၆ ချက်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ထောင်ဖာဖူးမ် ရဲစခန်းက သံသယရှိသူ “လာဆို” အား ဖမ်းဆီးနိုင်ရန် သတင်းပေးသူကို ဘတ် ၂၀,၀၀၀ ဆုကြေးထုတ်ပြန်ခဲ့ပြီးနောက် အောက်တိုဘာ ၂၆ ရက်တွင် သာမောင်း (Tha Muang) ရဲတပ်ဖွဲ့က သံသယရှိသူအား ရှာဖွေတွေ့ရှိကာ ဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းဆီးရမိသူ “လာဆို” သည် စစ်ဆေးမေးမြန်းစဉ် ပြစ်မှုကို ဝန်ခံခဲ့ပြီး အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ၎င်းအား အခင်းဖြစ်ပွားရာ နေရာနှင့် သေနတ်ဝှက်ထားသည့် နေရာတို့သို့ ခေါ်ဆောင်ကာ ပြစ်မှု ကျူးလွန်ပုံများကို ပြန်လည်သရုပ်ပြခိုင်းခဲ့သည်။
လက်ရှိတွင် သံသယရှိသူ “လာဆို” အား စစ်ဆေးမေးမြန်းမှုများ ပြီးစီးခဲ့ပြီးနောက် တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ရန် သောင်ဖာဖူးမ် ခရိုင်တရားရုံးသို့ ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။
Source;Thairath
