ထိုင်းနိုင်ငံ စားသုံးသူကာကွယ်ရေးဘုတ်အဖွဲ့ရုံး (OCPB) နှင့် ထိုင်းစက်မှုစံနှုန်းသတ်မှတ်ရေးဌာန (TISI) တို့ ပူးပေါင်းကာ ကလေးငယ်များနှင့် လူငယ်များအကြား ခေတ်စားနေသည့် ညှစ်ရသော Squishy Toys များတွင် ဓာတုပစ္စည်းများ ညစ်ညမ်းစွာပါဝင်နေသည့် အန္တရာယ်ကို ကာကွယ်ရန်အတွက် တစ်နိုင်ငံလုံးရှိ ဈေးကွက်များနှင့် အွန်လိုင်းအရောင်းဆိုင်များကို အရှိန်မြှင့် စစ်ဆေးလျက်ရှိပါတယ်။
ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ အရည်အသွေးမပြည့်မီသော အမှတ်တံဆိပ်မဲ့ Squishy အရုပ်အတုများတွင် အောက်ပါအန္တရာယ်များ ရှိနေသည်။
အဆင့်နိမ့်ကုန်ကြမ်းများဖြင့် ပြုလုပ်ထားသောကြောင့် အန္တရာယ်ရှိသည့် ဓာတုဓာတ်ကြွင်းများ ပါဝင်နေတတ်ပြီး ၎င်းအနံ့ကို ကာလရှည်ကြာ ရှူမိပါက အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်သည်။
ဒိုးနတ် သို့မဟုတ် ကိတ်မုန့် ကဲ့သို့ မုန့်အသွင်သဏ္ဌာန် ပြုလုပ်ထားသည့် အရုပ်များကို ကလေးငယ်များက မုန့်အစစ်ဟု ထင်မှတ်ကာ ပါးစပ်ထဲထည့်မိခြင်း၊ အရုပ်မှ အမြှုပ်စလေးများ ပြုတ်ထွက်ကာ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့်အထိ ဖြစ်ပွားနိုင်သည်။
အရုပ်များတွင် ထိုင်းဘာသာဖြင့် ထုတ်လုပ်သူ သို့မဟုတ် တင်သွင်းသူအမည် ရှင်းလင်းစွာပါရှိသော တံဆိပ် နှင့် ထိုင်းစက်မှုစံနှုန်းအမှတ်အသား မဖြစ်မနေ ပါဝင်သည်များကိုသာ ရွေးချယ်ဝယ်ယူရမည်။
အရုပ်မှ ပြင်းထန်သော ဓာတုဗေဒအနံ့များ နံနေလျှင် သို့မဟုတ် အရုပ်စုတ်ပြဲ ပျက်စီးနေလျှင် ချက်ချင်း သိမ်းဆည်းပစ်ရမည်။(အကယ်၍ အန္တရာယ်ရှိသော ကုန်ပစ္စည်းများကို တွေ့ရှိပါက OCPB Hotline ဖုန်း ၁၁၆၆ သို့ တိုင်ကြားနိုင်သည်)
ထိုင်းနိုင်ငံ၏ ၁၉၇၉ စားသုံးသူကာကွယ်ရေးအက်ဥပဒေအရ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား မပါဝင်သော ကုန်ပစ္စည်းများကို ရောင်းချပါက ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သည်။
ထို့အပြင် ၂၀၀၈ ခုနှစ် ကုန်ပစ္စည်းတာဝန်ရှိမှုအက်ဥပဒေအရ အဆိုပါအန္တရာယ်ရှိသော အရုပ်များကြောင့် စားသုံးသူ/ကလေးငယ်များ တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုရှိခဲ့ပါက ထုတ်လုပ်သူ၊ တင်သွင်းသူနှင့် ရောင်းချသူများအားလုံးသည် ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ ပေါ့ဆမှုကြောင့်ဖြစ်စေ ပူးတွဲတာဝန်ယူကာ နစ်နာကြေးများ ပေးလျော်ရမည်ဖြစ်ပါတယ်။
Source;The Nation
#Mingalarnews #ThailandOCPB #SquishyToysRisk2026 #TISIMark #ConsumerProtectionTH
