ထိုင်းနိိုင်ငံ၊ ချာချိုဘန်ဆောင်းတွင် သတိပေးရာမှ ရန်ဖြစ်ပွားပြီး မြန်မာအလုပ်သမား ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၊ ရွာကင်းစောင့်အဖွဲ့ဝင်က ခုခံကာကွယ်ခြင်းဟု ထွက်ဆို

ထိုင်းနိုင်ငံ၊ ချာချိုဘန်ဆောင်း (Chachoengsao) ပြည်နယ်၊ ဖနွန်စာရခမ် (Phanom Sarakham) ခရိုင်တွင် ဇွန်လ ၂၇ ရက် ညပိုင်းက အရက်သောက်ပြီး ဆူညံစွာ သီချင်းဖွင့်နေသည့် ကိစ္စနှင့်ပတ်သက်၍ သွားရောက်သတိပေးရာမှ အခြေအတင်စကားများကြပြီးနောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်ဗျာ။

ဇွန်လ ၂၇ ရက်၊ ည ၂၃:၃၀ ဝန်းကျင်၊ ကော့ခနွန် (Koh Khanun) အုပ်စု၊ ဘန်နောင်နမ်ဒမ် (Ban Nong Nam Dam) ရွာမှာ ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာအမြောက်အမြားဖြင့် သေဆုံးနေသည့် မြန်မာအလုပ်သမား ၃ ဦး (မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ဆဲ) နှင့် ဘေးစောင်းတွင် ဓားထိုးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည့် ဖိချိုင်း (Pichai Daphantha) ဆိုသူ ထိုင်းအမျိုးသားတစ်ဦးတို့တွေ့ရှိရပါတယ်။

သေနတ်ဖြင့် ပစ်ခတ်သူမှာာ အသက် ၂၄ နှစ်အရွယ် ရွာကင်းစောင့်စေတနာ့ဝန်ထမ်း (Village Security Volunteer) ဖြစ်သူ ထိရာာဖတ် (Theerapat Nopthao)ဖြစ််ပါတယ်။

သေနတ်သမား ထီရာဖတ်၏ ထွက်ဆိုချက်အရ ၎င်းနှင့် ၎င်း၏သူငယ်ချင်း ဖြစ်သူ ဖိချိုင်းတို့သည် လူနေရပ်ကွက်အနီးတွင် အရက်သောက်ပြီး ဆူညံစွာ သီချင်းဖွင့်နေသည့် ရွှေ့ပြောင်းအလုပ်သမားအုပ်စုကို သွားရောက်သတိပေးခဲ့ရာမှ အခြေအတင် စကားများခဲ့ကြသည်။

စကားများရာမှတစ်ဆင့် မြန်မာအလုပ်သမားအုပ်စုဘက်က ပုလင်းဖြင့် ရိုက်ခဲ့သဖြင့် ဖိချိုင်း လဲကျသွားချိန်တွင် ဓားဖြင့် ထပ်မံထိုးခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် ဓားများ ကိုင်ဆောင်ထားသည့် အမျိုးသား ၁၀ ဦးခန့်က ၎င်းထံသို့ ထပ်မံပြေးဝင်လာသောကြောင့် မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း သီရဖတ်က ထွက်ဆိုထားသည်။

ရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာနေရာမှ ၉ မမ သေနတ်ကျည်ခွံ ၁၆ ခုကျော်နှင့်အတူ အမှုတွင် အသုံးပြုခဲ့သည့် သေနတ်နှင့် ဓားတို့ကို သက်သေအဖြစ် သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့ မှုခင်းဌာနက သက်သေအထောက်အထားများ ဆက်လက်စုဆောင်းနေပြီး တရားဝင် အမှုဖွင့်တရားစွဲဆိုခြင်း ရှိ၊ မရှိကိုမူ အတည်မပြုရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပါတယ်။

Source;Khaosod

#Mingalarnews #ChachoengsaoShooting #MyanmarWorkers #ThaiNews