ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ထိုင်းပြည်သူ ၃၂% ကျော် အစားအစာ လျှော့စားနေရပြီး အာဟာရပြည့်မီရန် ခက်ခဲလာ

ထိုင်းနိုင်ငံ ကျန်းမာရေးဦးစီးဌာန၏ အနမိုင်းစေ့ငုလေ့လာဆန်းစစ်ချက် (Anamai Poll) အရ အထွေထွေ ကုန်ဈေးနှုန်းနှင့် စားသောက်စရိတ်များ မြင့်တက်လာမှုကြောင့် ပြည်သူများ၏ စားသောက်မှု အလေ့အထများ သိသာစွာ ပြောင်းလဲလာပြီး လူဦးရေ ၃၂.၈၃% သည် ထမင်းနပ်အရေအတွက် သို့မဟုတ် အစားအစာ ပမာဏကို လျှော့ချ စားသောက်နေရကြောင်း သိရပါသည်။

စာရင်းကောက်ယူရာတွင် ပါဝင်ဖြေဆိုသူ ၉၄၁ ဦးအနက် ၆၃.၇၆% က အစားအသောက် ဈေးနှုန်းကြီးမြင့်မှုကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရပြည့် အစားအစာများကို ဝယ်ယူစားသောက်ရန် ခက်ခဲလာကြောင်း ဖြေကြားခဲ့ကြသည်။

ဝယ်ယူမှု လျှော့ချလိုက်သည့် အစားအစာများ:

-🥩 အသားစုံ

-🧈 ချက်ပြုတ်ဆီ

-🥚 ဥအမျိုးမျိုး (ကြက်ဥ/ဘဲဥ)

ကုန်ကျစရိတ်ကို ထိန်းချုပ်ရင်း အာဟာရဓာတ် မဆုတ်ယုတ်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အောက်ပါအတိုင်း အကြံပြုထားပါသည် –

-ကြိုတင် စီမံကိန်းဆွဲ ဝယ်ယူပါ: အစားအသောက် ဝယ်ယူခြင်း မပြုမီ လိုအပ်သည်များကို ကြိုတင် စာရင်းပြုလုပ်ပါ။

-ဈေးနှုန်း ယှဉ်တွဲစစ်ဆေးပါ: မဝယ်ယူမီ အခြားဈေးကွက်/ဆိုင်များနှင့် စနစ်တကျ နှိုင်းယှဉ်ဝယ်ယူပါ။

-ရာသီပေါ် သီးနှံများ ရွေးချယ်ပါ: ဈေးနှုန်းသက်သာပြီး လတ်ဆတ်သည့် ဒေသထွက် ရာသီပေါ် အသီးအနှံများကို ဦးစားပေး စားသုံးပါ။

-ကိုယ်တိုင် ချက်ပြုတ်ပါ: အိမ်တွင် ကိုယ်တိုင်ချက်ပြုတ်ခြင်းဖြင့် ကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

-စားသုံးမှု အစားထိုးပါ: ဈေးနှုန်းကြီးမြင့်သော အသားများနေရာတွင် ဈေးနှုန်းသက်သာပြီး ပရိုတင်းဓာတ် ကြွယ်ဝသည့် အခြား အစားအစာများကို အစားထိုး ရွေးချယ်ပါ။

Source;Bangkokbiznews