ဘန်ကောက်မြို့၊ ရာဇမင်္ဂလာ အမျိုးသား အားကစားကွင်းကြီး (Rajamangala National Stadium) အတွင်း အောက်တိုဘာ ၁၁ ရက် (တနင်္ဂနွေနေ့) ညက ကျင်းပခဲ့သည့် ကမ္ဘာကျော် အဆိုတော် The Weeknd ၏ ဂီတဖျော်ဖြေပွဲကြီးအတွင်း မတ်တပ်ရပ်ကြည့်ရှုသည့် ဇုန် (Standing area) ၌ လူတစ်ဦးက အစက်အပြောက် မစင် စွန့်ပစ်ခဲ့သည့် စက်ဆုပ်ဖွယ် အဖြစ်အပျက်ဖြစ်ပွားခဲ့ကြောင်း ပွဲတက်ရောက်သူများ၏ လူမှုကွန်ရက် ပို့စ်များကြောင့် ပြင်းထန်စွာ ဝေဖန်မှုများ ထွက်ပေါ်နေပါတယ်။
တနင်္ဂနွေနေ့ည ဖျော်ဖြေပွဲအပြီးတွင် ပွဲတက်ရောက်ခဲ့သည့် ပရိသတ် အများအပြားသည် X (ယခင် Twitter) ပလက်ဖောင်းပေါ်၌ မတ်တပ်ရပ်ဇုန်အတွင်း တွေ့ကြုံခဲ့ရသည့် ရွံရှာဖွယ်ရာ ဖြစ်စဉ်နှင့် ပတ်သက်၍ အသီးသီး ထုတ်ဖော် တိုင်ကြားခဲ့ကြသည်။
ပရိသတ်များ၏ ပြောကြားချက်အရ လူအများအပြား ပြည့်ကျပ်နေသည့် မတ်တပ်ရပ် ဇုန်အတွင်း လူတစ်ဦးက တရားလွန် မဖွယ်မရာ ပြုမူကာ မစင်စွန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သတင်းများနှင့် ပြောဆိုချက်များသည် လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသော်လည်း ပါဝင်ပတ်သက်သူများ၏ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ဖြစ်စဉ် အသေးစိတ်ကိုမူ သီးခြား စိစစ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Source;Khaosod
