၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုင်ငံအသင်းများ အမေရိကန်သို့ စတင်ဆိုက်ရောက်၊ မက်ဆီ၏ အာဂျင်တီးနားအသင်း ကန်ဆပ်စီးတီးတွင် အခြေစိုက်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်ရန် နီးကပ်လာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်းမှ ပြိုင်ပွဲဝင်နိုင်ငံအသင်းများသည် အိမ်ရှင်အမေရိကန်နိုင်ငံသို့ တဖွဲဖွဲ စတင်ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။

မက်ဆီ အပါအဝင် အာဂျင်တီးနားအသင်းသည် အမြီးတောင်ပံတွင် နံပါတ် ၁၀ ပါရှိသည့် အပြာ၊ အဖြူစင်း လေယာဉ်ဖြင့် ကန်ဆပ်စီးတီး (Kansas City) သို့ ရောက်ရှိလာပြီး ၎င်းတို့တည်းခိုသည့် ဟိုတယ်အတွင်းပိုင်းကို တော်ဝင်ဂုဏ်ပြုစနစ်ဖြင့် ပြင်ဆင်ထားသည်။

၅ ကြိမ်ကမ္ဘာ့ချန်ပီယံ ဘရာဇီးအသင်းသည် မီးခိုးရောင်ဝတ်စုံများ ဝတ်ဆင်ကာ နယူးဂျာစီရှိ Newark လေဆိပ်သို့ အင်္ဂါနေ့က ဆိုက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့အစောင့်အရှောက်ဖြင့် အခြေစိုက်စခန်းသို့ ထွက်ခွာသွားခဲ့သည်။

ဗြိတိန်အုပ်စုနှစ်သင်းစလုံး ဖလော်ရီဒါ (Florida) တွင် စခန်းသွင်းပြင်ဆင်နေကြသည်။ အထူးသဖြင့် စကော့တလန်အသင်းသည် အင်တာမိုင်ယာမီ (Inter Miami) အသင်း၏ လေ့ကျင့်ရေးကွင်းအဆောက်အအုံများကို အသုံးပြုနေသည်။

အားကစားကလောင်ရှင်များ၏ ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းများဖြစ်သည့် ပြင်သစ်နှင့် စပိန်အသင်းတို့အပြင် ပေါ်တူဂီအသင်းတို့သည် ဥရောပမှ ထွက်ခွာလာခြင်း မရှိသေးပေ။

ဩစတြေးလျအသင်းသည် ကာလီဖိုးနီးယားမြောက်ပိုင်းတွင်လည်းကောင်း၊ တောင်အာဖရိကအသင်းသည် မက္ကဆီကိုတွင်လည်းကောင်း ရောက်ရှိအခြေစိုက်နေပြီး ဂျာမနီနှင့် နော်ဝေအသင်းတို့လည်း လမ်းခရီးတွင် ရှိနေကြသည်။ အိမ်ရှင်အမေရိကန်အသင်းမှာမူ ဂျော်ဂျီယာတွင် လေ့ကျင့်နေပြီး ခြေစမ်းပွဲ၌ ဆီနီဂေါကို ၃-၂ ဖြင့် အနိုင်ရထားသည်။

ယခုနှစ် ၂၀၂၆ ကမ္ဘာ့ဖလားသည် ပြိုင်ပွဲဝင်အသင်း ၄၈ သင်းအထိ တိုးမြှင့်ကာ ပွဲစဉ်ပေါင်း ၁၀၄ ပွဲအထိ ကျင်းပသွားမည့် သမိုင်းတစ်လျှောက် အကြီးမားဆုံးပြိုင်ပွဲကြီး ဖြစ်ပါတယ်ဗျာ။ ဗိုလ်လုပွဲကို နယူးဂျာစီရှိ MetLife ကွင်းကြီးတွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် နိုင်ငံတကာကြယ်ပွင့်များ ဆိုက်ရောက်လာမှုကြောင့် အမေရိကန်တွင် ကမ္ဘာ့ဖလားအဖျားရှိန် မြင့်တက်နေပြီ ဖြစ်ပါတယ်။

Source;Rockland/Westchesterjournalnews