တစ်ပတ်တာ Zodiac ဟောစာတမ်း (ဇူလိုင် ၂၆ ရက် – ဩဂုတ်် ၁ ရက်နေ့အထိ)

မိဿရာသီ (Aries)

အလုပ်တွင် အခက်အခဲရှိသော်လည်း စိတ်တိုပြီး အလုပ်ထွက်ခြင်း၊ ရွေ့လျားခြင်း မလုပ်ပါနှင့်။ ဆွေမျိုးများ၏ ကူညီမှုကို ရရှိမည်။ ဒီဇင်ဘာမတိုင်မီ ၃-၄ လအတွင်း အလုပ်ပြဿနာများကို မြန်မြန်ရှင်းပြီး အကျိုးအမြတ် ရယူထားပါ၊ ဒီဇင်ဘာတွင် ပြဿနာဟောင်းများ ပြန်ပေါ်လာတတ်သည်။ လူပျိုလူလွတ်များ အသက်အများကြီးငယ်သူကို စိတ်ဝင်စားမိတတ်သည်။

♉ ပြိဿရာသီ (Taurus)

မိတ်ဆွေသစ်များနှင့် အဆက်အသွယ် ကောင်းမွန်မည်။ ခရီးသွားလာခွင့် သတင်းကောင်းများ ရရှိမည်ဖြစ်ပြီး ခရီးသွားရင်း လာဘ်ရတတ်သည်။ အိမ်၊ ခြံ၊ မြေ သို့မဟုတ် စိုက်ပျိုးရေး ထွက်ကုန်များမှ အမြတ်အစွန်း ရရှိမည်။ ကျောင်းသားများ အဝေးသို့ ပညာသင်သွားရတတ်ပြီး ချစ်သူ၊ အိမ်ထောင်ဖက်၏ ဂရုစိုက်မှုကို ခံရမည်။

♊ မေထုန်ရာသီ (Gemini) 

မိမိ၏ အတွေ့အကြုံနှင့် ဗဟုသုတများကို ထုတ်ဖော်ပြသခွင့်ရမည်။ စကားပြောဆို ညှိနှိုင်းမှုများမှတစ်ဆင့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ငွေကြေးအမြောက်အမြား ဝင်လာမည်။ သို့သော် စွန့်စားရသော ရင်းနှီးမြှုပ်နှံမှုများကို ရှောင်ပါ။ လူပျိုလူလွတ်များ အသက်ငယ်သူ သို့မဟုတ် လက်အောက်ငယ်သားကို စိတ်ဝင်စားမိတတ်သည်။

♋ ကရကဋ်ရာသီ (Cancer)

ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းမွန်ပြီး မိတ်ဆွေသစ်များ ရရှိမည်။ အထက်လူကြီးများက မစကူညီမည်။ ခရီးသွားရတတ်သော်လည်း စိတ်တိုင်းကျ ပျော်ရွှင်ရမည် မဟုတ်ပါ။ ငွေကြေးမှာ ပုံမှန်သုံးနိုင်ရုံသာရှိပြီး အောက်တိုဘာ ၂၀ ရက်ကျော်မှ ငွေလုံးငွေခဲ ရမည်။ ညဘက် ပျော်ပါးမူးယစ်ခြင်းများ ရှောင်ပါ။

♌ သိဟ်ရာသီ (Leo)

အလှအပဆိုင်ရာ သို့မဟုတ် ဝေးလံသောဒေသမှ လာရောက်သူများထံမှ လာဘ်ရမည်။ ခရီးသွားရင်း လာဘ်ရတတ်သော်လည်း စာချုပ်ချုပ်ဆိုခြင်းများကို အချိန်ဆွဲထားပါ။ သြဂုတ်နှင့် စက်တင်ဘာတွင် ငွေကြေးသတိထားပါ၊ ဒုစရိုက်လမ်း ရှောင်ပါ (မဟုတ်ပါက နိုဝင်ဘာနောက်ပိုင်း ဆိုးကျိုးကြုံရမည်)။

♍ ကန်ရာသီ (Virgo)

အနုပညာနှင့် စိတ်ကူးစိတ်သန်း ကောင်းမွန်နေမည်။ ထူးခြားသော လာဘ်များ ရရှိမည်ဖြစ်ပြီး ဆွေမျိုးများကြောင့် ရေရှည်အကျိုးရှိမည့် အလုပ်သစ်များ စတင်နိုင်မည်။ ရာထူးတိုးတတ်ပြီး စကားပြောဆိုရသော လုပ်ငန်းများ အကျိုးပေးမည်။ လူပျိုလူလွတ်များ ဆွဲဆောင်မှု အလွန်အားကောင်းနေမည်။

♎ တူရာသီ (Libra)

ရှေးဟောင်းနေရာများသို့ ခရီးသွားရတတ်ပြီး နိုင်ငံခြားသား မိတ်ဆွေသစ်များ ရမည်။ ခက်ခဲသော အလုပ်များကို အထက်လူကြီးများ၏ ကူညီမှုဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်မည်။ မကြာမီ ငွေလုံးငွေခဲ ရရှိတော့မည်ဖြစ်သော်လည်း ယခုကာလတွင် အခြားသူများထက် ပိုမိုပင်ပန်းစွာ ရုန်းကန်ရပါလိမ့်မည်။

♏ ဗြိစ္ဆာရာသီ (Scorpio)

လက်ငင်းငွေကြေးနှင့် သဘောကျစရာ လက်ဆောင်များ ရရှိလာမည်။ နေ့စဉ်ဘဝ ဖြတ်သန်းမှုများ ပိုမိုချောမွေ့လာပြီး ပြဿနာအဟောင်းများ ပျောက်ကွယ်သွားမည်။ ဆွေမျိုးနှင့် လက်အောက်ငယ်သားများကြောင့် စိတ်ရှုပ်ရသော်လည်း ကျော်လွှားနိုင်မည်။ ချစ်သူအပေါ် လွန်ကဲစွာ ချုပ်ချယ်ခြင်း ရှောင်ပါ။

♐ ဓနုရာသီ (Sagittarius)

လူမှုပတ်ဝန်းကျင်တွင် ထင်ပေါ်နေမည်ဖြစ်ပြီး မိမိလုပ်ဆောင်ချက်များကို အတုယူသူများ ရှိလာမည်။ အပေါင်းအသင်းနှင့် ဆွေမျိုးများကြား ရန်ဖြစ်ပါက ကြားမှ ပါဝင်ခြင်း ရှောင်ပါ။ ဒေါသကြောင့် စကားပြင်းပြင်း ပြောမိတတ်သည်။ စာချုပ်စာတမ်းများကို အောက်တိုဘာ ၂၀ ရက်နောက်ပိုင်းမှ ပြုလုပ်ပါ။

မကာရရာသီ (Capricorn)

အရာရာ အဆင်ပြေ လွယ်ကူနေမည်ဖြစ်သော်လည်း နိုင်ငံခြားနှင့် သက်ဆိုင်သော လုပ်ငန်းများတွင် အခက်အခဲရှိမည်။ အလုပ်တွင် လက်အောက်ငယ်သားများကြောင့် စိတ်အေးရမည်။ လူပျိုလူလွတ်များထံ ဆန့်ကျင်ဘက်လိင်များ စိတ်ဝင်စားစွာ ချဉ်းကပ်လာမည်။

ကုမ်ရာသီ (Aquarius) 

မသင့်တော်သော နေရာများသို့ သွားရောက်ချင်စိတ် များနေမည်။ ငွေကြေးပိုင်း မလိုလားအပ်ဘဲ ကုန်ကျမည်ဖြစ်ပြီး သူတစ်ပါးကို အကြံဉာဏ်ပေးခြင်း ရှောင်ပါ။ မိတ်ဆွေဟောင်းများ၏ ငွေတောင်းခံခြင်း ခံရတတ်သည်။ အထက်လူကြီးများ၏ စောင့်ကြည့်စစ်ဆေးခြင်း ခံရတတ်သဖြင့် စည်းကမ်းလိုက်နာပါ။

♓ မိန်ရာသီ (Pisces)

စိတ်ဖိစီးမှုများ ရှိနေတတ်သဖြင့် ပျော်ပါးလွန်ကဲခြင်း ရှောင်ပါ။ အချစ်ရေးတွင် ဟောင်းနွမ်းနေသော မေတ္တာများ ပြန်လည်လန်းဆန်းလာမည်။ အသက်ငယ်သူ သို့မဟုတ် လက်အောက်ငယ်သားဟောင်းများနှင့် ဖူးစာဆုံတတ်သည်။ အိမ်ထောင်ရှင်များ စကားနားထောင်မည့် ကာလဖြစ်ပြီး ဝင်ငွေမှာ ပေါင်းသင်းဆက်ဆံရေးပေါ် မူတည်ပါသည်။

Source; Khaosod