♈ မိဿရာသီ (Aries)
ငွေကြေးကိစ္စနှင့် ပတ်သက်၍ အတော်လေး စဉ်းစားတွေးတောရတတ်သည်။ မိမိ၏ ငွေသုံးစွဲမှုကို သူတစ်ပါးက ဖြုန်းတီးသည်ဟု အထင်မှားတတ်သဖြင့် အခြေအနေကို ရှင်းပြရန် လိုအပ်သည်။ အလုပ်ကိစ္စ တွေးပူခြင်းက စိတ်ရှုပ်ထွေးမှုကိုသာ ဖြစ်စေမည်။ အိမ်တွင်းရှိ ဆွေမျိုးသားချင်းများက မိမိ၏ ပြဿနာများကို ဉာဏ်ပညာဖြင့် ကူညီဖြေရှင်းပေးမည်ဖြစ်ပြီး ၎င်းတို့နှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ပါက အကျိုးအမြတ် ရလိမ့်မည်။ စကားပြောဆို ညှိနှိုင်းမှုများကို မိတ်ဆွေများမှတစ်ဆင့် ဆောင်ရွက်ခြင်းက ပို၍အဆင်ပြေမည်။
♉ ပြိဿရာသီ (Taurus)
အလုပ်လုပ်ရာတွင် အလွန်တက်ကြွနေပြီး အရာရာ မြန်ဆန်နေမည်။ ဝင်ငွေ၊ လာဘ်လာဘများ နေရာစုံ၊ လမ်းကြောင်းစုံမှ ဝင်လာတတ်သည်။ လာဘ်ကြီးကြီးမားမား မဟုတ်စေကာမူ စုစုပေါင်းလိုက်လျှင် ပမာဏများပြားသဖြင့် အိတ်ထဲ ငွေအဆင်ပြေနေမည်။ ရန်သူနှင့် အတားအဆီးများ မရှိနိုင်ပါ။ ရှိခဲ့လျှင်ပင် မိမိအတွက် အကျိုးကျေးဇူး ပိုဖြစ်ထွန်းစေမည်။ ဝေးလံသောဒေသမှ ဆွေမျိုးများ သို့မဟုတ် နိုင်ငံခြားသား မိတ်ဆွေများနှင့် ဆက်သွယ်မှု ပြတ်တောက်သွားတတ်သည်။ ရှေးဟောင်းပစ္စည်းနှင့် အလွန်ခေတ်ဆန်းသော နည်းပညာများကို မပတ်သက်ပါနှင့်။
♊ မေထုန်ရာသီ (Gemini)
သွားလေရာရာတွင် မိတ်ဆွေဖွဲ့လိုသူများနှင့် လာရောက်ပတ်သက်သူများပြားမည်။ မိမိကိုယ်ပိုင်ဟန်အတိုင်း မှန်မှန်ကန်ကန် နေထိုင်လေလေ လူချစ်လူခင် ပေါလေလေ ဖြစ်မည်။ အလုပ်နှင့် ပုဂ္ဂိုလ်ရေးကို စနစ်တကျ ထိန်းသိမ်းနိုင်မည်။ အထက်လူကြီးများ၏ မေတ္တာကရုဏာနှင့် မိမိ၏ အမြော်အမြင်ကြီးမှုကြောင့် လာဘ်လာဘ ရရှိတတ်သည်။ လာဘ်ကံမှာ မမျှော်လင့်ဘဲ ရုတ်တရက်ရခြင်းမျိုး မဟုတ်ဘဲ ပုံမှန်ရမည့် ငွေမျိုး ဖြစ်သည်။ စုဆောင်းငွေအချို့ ထွက်တတ်သော်လည်း ဝင်ငွေက ပိုများနေဦးမည်။
♋ ကရကဋ်ရာသီ (Cancer)
ဘဝကို အေးအေးလူလူနှင့် သက်သောင့်သက်သာ ဖြတ်သန်းရမည်။ လက်အောက်ငယ်သား သို့မဟုတ် ဆွေမျိုးအငယ်အနှောင်းများနှင့် တွဲဖက်လုပ်ကိုင်သော စီးပွားရေးများ သိသိသာသာ ပိုမိုကောင်းမွန်လာမည်။ သို့သော် စကားကောင်းလွန်းသော မိတ်ဆွေများ သို့မဟုတ် နိုင်ငံခြားသားများ၏ ကတိကဝတ်များကို အလွယ်တကူ မယုံကြည်ပါနှင့်၊ အလှည့်စားခံရတတ်သည်။ အလုပ်ဟောင်းများ အောင်မြင်ခဲ့သဖြင့် အကျိုးအမြတ် ခံစားရမည်။ အချစ်ရေးတွင် ယခုကာလ၌ ပတ်ဝန်းကျင်အပေါ် ဆွဲဆောင်မှု အလွန်အားကောင်းနေမည်။
♌ သိဟ်ရာသီ (Leo)
အလုပ်များကို သူတစ်ပါး အကူအညီမပါဘဲ တစ်ဦးတည်း ပင်ပန်းကြီးစွာ ရုန်းကန်လုပ်ကိုင်ရတတ်သည်။ စကားပြောဆို ဆက်သွယ်ရေးနှင့် ပြန်ကြားရေးအလုပ်များမှ လာဘ်ရမည်။ သို့သော် လုပ်ငန်းခွင်အတွင်း ဩဇာရှိသူများက မိမိအပေါ် အမြင်စောင်းခြင်း သို့မဟုတ် မတရားခိုင်းစေခြင်းများ ကြုံရတတ်သဖြင့် ပုံမှန်ထက် ပိုမိုကြိုးစားရမည်။ အတိတ်ကြောင်းကိစ္စဟောင်းများက စိတ်အနှောင့်အယှက် ပေးတတ်သည်။ စွန့်စားလွန်းသော နေထိုင်မှုများက ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သဖြင့် သတိပြုပါ။ ခရီးသွားလျှင် မလောပါနှင့်။
♍ ကန်ရာသီ (Virgo)
လာဘ်လာဘများ အချိန်မီရရှိရန်အတွက် မိမိ၏ အခန်းကဏ္ဍ သို့မဟုတ် အလုပ်တာဝန်အချို့ကို ပြောင်းလဲလုပ်ကိုင်ရတတ်သည်။ စိတ်ဓာတ်ကို ခိုင်မာစွာ ထားရှိပြီး အပန်းဖြေ မူးယစ်မှုများကို ရှောင်ကြဉ်ပါ။ မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရတတ်ပြီး ပျော်ရွှင်ရမည်။ သတင်းအချက်အလက် ဆက်သွယ်ရေးပိုင်း အကျိုးပေးမည်။ ဆုံးဖြတ်ချက် လောခြင်း သို့မဟုတ် စိန်ပြေးတမ်းကစားခြင်းမျိုးက ရန်သူတိုးပွားစေနိုင်သည်။ အိမ်ထောင်ဖက် သို့မဟုတ် အကျိုးတူရှယ်ယာရှင်နှင့် ပြင်းထန်စွာ စကားများရတတ်သဖြင့် ဆင်ခြင်ပါ။
♎ တူရာသီ (Libra)
ငွေကြေးမငြိမ်မသက်ဖြစ်ခြင်းနှင့် ဆွေမျိုးသားချင်းများနှင့် သဘောထားကွဲလွဲခြင်းများကြောင့် စိတ်ဒုက္ခရောက်တတ်သည်။ သို့သော် လက်လီအရောင်းအဝယ်နှင့် စီးပွားရေး ဆက်သွယ်မှုအလုပ်များတွင်မူ အလွန်အောင်မြင်ပြီး အမြတ်အစွန်းများစွာ ရရှိမည်။ မိမိကို အတိအလင်း ဆန့်ကျင်တိုက်ခိုက်မည့် ရန်သူဟောင်း၊ ဝေဒနာဟောင်းများ ပေါ်လာတတ်သည်။ ဝင်ငွေလျော့ခြင်း သို့မဟုတ် ငွေကုန်ကြေးကျများခြင်း ကြုံရမည်။ သူတစ်ပါးကို အကျိုးမျှော်ပြီး ကျွေးမွေးခြင်း၊ ငွေချေးခြင်းများ ရှောင်ပါ။ ပြန်ရရန် ခက်ခဲလိမ့်မည်။
♏ ဗြိစ္ဆာရာသီ (Scorpio)
လက်ဝတ်ရတနာနှင့် ငွေသားအမြောက်အမြားကို မိမိကိုယ်၌ ဆောင်ထားခြင်း မပြုပါနှင့်။ ဤကာလသည် မိမိ၏ ဓနအခြေအနေ ပြောင်းလဲသွားနိုင်လောက်အောင် ငွေအမြောက်အမြား ဆုံးရှုံးတတ်သော အချိန်ဖြစ်သည်။ သူတစ်ပါး၏ သတင်းအချက်အလက် လိမ်လည်မှုကြောင့် ငွေဆုံးရှုံးတတ်သည်။ ကုန်သွယ်မှုလုပ်ငန်းများ အဆင်မပြေသေးပါ။ အိမ်ခြံမြေ ရေရှည်ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပညာရေးအတွက် ငွေသုံးခြင်းကသာ သင့်တော်သည်။ အစိုးရနှင့် ပတ်သက်သောအလုပ်များတွင် အမှားပေါ်တတ်သည်။ မျက်စိကျန်းမာရေး သတိပြုပါ။
♐ ဓနုရာသီ (Sagittarius)
နေ့စဉ်ဘဝ ဖြတ်သန်းရသည်မှာ အဆင်မပြေဘဲ အလိုလိုနေရင်း စိတ်ညစ်နေတတ်သည်။ စရိုက်တူသော အပေါင်းအသင်းများနှင့် ပေါင်းမိပါက ပြဿနာ ပိုမိုကြီးထွားတတ်သည်။ မိမိကိုယ်တိုင်လည်း ထိခိုက်ဒဏ်ရာရလွယ်သည်။ သားသမီး သို့မဟုတ် လက်အောက်ငယ်သားများ ဆိုးနွဲ့နေပါက ဝင်ရောက်မပတ်သက်ဘဲ လွှတ်ထားလိုက်ခြင်းက ပိုကောင်းသည်။ ဆွေမျိုးသားချင်း သို့မဟုတ် ငယ်သားများကြောင့် ငွေအမြောက်အမြား ကုန်ကျတတ်သဖြင့် ရှာဖွေရေးဘက်သာ အာရုံစိုက်ပါ။ ပတ်သက်မှုအသစ်များကို မလုပ်ပါနှင့်။
♑ မကာရရာသီ (Capricorn)
ယခင်က ကြုံတွေ့ခဲ့ရသော အခက်အခဲ သေးသေးမွှားမွှားများ တဖြည်းဖြည်း ပြေလည်ကောင်းမွန်လာမည်ဖြစ်ပြီး စိတ်ဓာတ်ပိုင်းလည်း ပြန်လည်တက်ကြွလာမည်။ သို့သော် အိမ်တွင်းမငြိမ်မသက်ဖြစ်မှုနှင့် စကားပြောဆိုမှုပိုင်းဆိုင်ရာ အဆင်မပြေမှုအချို့ ရှိနေဦးမည်။ သတိမထားပါက နောင်တွင် မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။ ခရီးဝေးသွားခြင်းနှင့် နိုင်ငံခြားသားများနှင့် ဆက်သွယ်ခြင်းများတွင် အခက်အခဲ ကြုံရတတ်ပြီး စာရွက်စာတမ်း အမှားအယွင်း ဖြစ်တတ်သည်။ အချစ်ရေး ပြန်လည်ဆန်းသစ်လာမည်။
♒ ကုမ်ရာသီ (Aquarius)
မိမိနှင့် စရိုက်လက္ခဏာ လုံးဝမတူသော အသက်ကြီးသူ သို့မဟုတ် ဂုဏ်သရေရှိသူများနှင့် မလိုအပ်ဘဲ စကားများ ရန်ဖြစ်တတ်သည်။ အရာရာကို အေးအေးဆေးဆေးနှင့် နှေးနှေးစဉ်းစားခြင်းက မိမိအတွက် ပို၍အကျိုးရှိမည်။ အထူးသဖြင့် မိမိ၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းပါ။ သူတစ်ပါး နားလည်ရခက်သော ကိစ္စရပ်များတွင် ရှေ့ထွက်စွန့်စားခြင်းမျိုး မလုပ်ပါနှင့်။ မိမိ၏ စိတ်လောမှုကြောင့်သာ ပျက်စီးခြင်း ကြုံရတတ်သည်။ မိသားစုတွင်း ခလောက်ဆန်မှုကြောင့် ငွေအမြောက်အမြား ဆုံးရှုံးတတ်သည်။
♓ မိန်ရာသီ (Pisces)
ငွေကြေးကိစ္စများနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်နေတတ်ပြီး ကတ်စေးကုတ်မိတတ်သည်။ ငွေပြတ်လပ်မည်ကို တွေးပူနေတတ်သကဲ့သို့ လက်အောက်ငယ်သား သို့မဟုတ် သားသမီးများ၏ နေထိုင်မှုအတွက်လည်း စိတ်ပူနေရတတ်သည်။ ငွေကြေးကို မျှမျှတတ ခွဲဝေသုံးစွဲခြင်းဖြင့် ငယ်သားများကြောင့် ဖြစ်မည့် ပြဿနာကို လျှော့ချနိုင်သည်။ မိမိကိုယ်ပိုင်လုပ်ငန်းများ အဆင်ပြေမည်ဖြစ်ပြီး အလုပ်ကိစ္စ စကားပြောဆိုမှုများတွင် အကျိုးအမြတ် ရလွယ်မည်။ ပျော်ပါးမူးယစ်ခြင်းများကို ရှောင်ပါ။ လူပျိုလူလွတ်များ မိမိထက် အသက်ငယ်သူကို သဘောကျမိတတ်သည်။
Source; Khaosod
