ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန (MOPH) သည် ဆေးခြောက် အသုံးပြုမှုကို ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ကုသမှုတစ်ခုတည်းအတွက်သာ ကန့်သတ်ရန် ရည်ရွယ်ပြီး စည်းကမ်းဖောက်ဖျက်သည့် တရားဝင်လိုင်စင်ရ ဆေးခြောက်အရောင်းဆိုင်များအပေါ် ပိုမိုပြင်းထန်ပြီး ရှင်းလင်းပြတ်သားသည့် ပြစ်ဒဏ်အသစ်များကို ထုတ်ပြန်လိုက်ပါတယ်။
ယခင်က ပြစ်ဒဏ်ချမှတ်ရာတွင် တာဝန်ရှိသူများ၏ တစ်ဦးချင်းဆုံးဖြတ်ချက်အပေါ် မူတည်နေသဖြင့် ဝေဖန်မှုများရှိခဲ့ရာမှ ယခုအခါ ပြစ်မှုအမျိုးအစားအလိုက် အောက်ပါအတိုင်း တိတိကျကျ ခွဲခြားသတ်မှတ်လိုက်သည်။
အရောင်းအစီရင်ခံစာ တင်ပြရန် ပျက်ကွက်ခြင်း၊ အချက်အလက်အမှားများ တင်ပြခြင်း၊ ဆိုင်တွင် လိုင်စင်ချိတ်ဆွဲထားခြင်းမရှိခြင်း၊ သတ်မှတ်စံချိန်စံညွှန်းမမှန်သည့် ဆေးခြောက်များရောင်းချခြင်းနှင့် စီးပွားရေးအလို့ငှာ ကြော်ငြာခြင်းများကို ရက်၃၀ လိုင်စင်ပိတ်သိမ်းမှာဖြစ်ပြီး ပြည်ပပို့ကုန်အသေးစိတ်ကို အစီရင်ခံရန် ပျက်ကွက်ခြင်း သို့မဟုတ် ကျန်းမာရေးဝန်ထမ်း/ဆရာဝန်၏ ဆေးညွှန်းမပါဘဲ ဆေးခြောက်ရောင်းချခြင်း ရက် ၉၀ လိုင်စင်ယာယီပိတ်သိမ်းမှာဖြစ်ပါတယ်။
ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကန့်သတ်ထားသော အုပ်စုများကို ရောင်းချခြင်း၊ ဆိုင်အတွင်း ဆေးလိပ်ကဲ့သို့ ရှူရှိုက်ခွင့်ပြုခြင်း၊ အွန်လိုင်းမှ ရောင်းချခြင်း၊ အလိုအလျောက်အရောင်းစက် (Vending Machines) များဖြင့် ရောင်းချခြင်းနှင့် တားမြစ်နယ်မြေများတွင် ရောင်းချခြင်း။ ထို့ပြင် လိုင်စင်ပိတ်သိမ်းခံရပြီးနောက် ထပ်မံကျူးလွန်သည့် အကြိမ်ကြိမ်စည်းကမ်းဖောက်ဖျက်သူများကိုလည်း လိုင်စင်အပြီးသိမ်းမည်ဖြစ်သည်။
ဥပဒေသစ်နှင့်အတူ အာဏာပိုင်များသည် နိုင်ငံတစ်ဝန်းရှိ ဆေးခြောက်ဆိုင်ပေါင်း ၁,၂၄၇ ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီးဖြစ်သည်။ အချို့ဆိုင်များသည် ဆေးဝါးမဟုတ်ဘဲ အပန်းဖြေရန်သက်သက် ရောင်းချနေခြင်းနှင့် ဥပဒေကျော်လွန်ကာ ကြော်ငြာနေခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရသည်။
အစိုးရအနေဖြင့် စည်းကမ်းဖောက်ဖျက်သည်ဟု သံသယရှိသော ဆေးခြောက်ဆိုင်များကို ပြည်သူများကိုယ်တိုင် တိုင်ကြားနိုင်မည့် Complaint Channelကိုပါ ပူးတွဲဖွင့်လှစ်ပေးထားပါတယ်။
Source;Thaiger
