မယ်တော်ကြီး သီရိခေတ်၏ တော်ဝင် မီးသင်္ဂြိုဟ်ပွဲ အခမ်းအနား ဒီဇင်ဘာ ၁၆ ရက်တွင် စနမ်လွမ်၌ ကျင်းပမည်

ထိုင်းနိုင်ငံ၊ မယ်တော်ကြီး သီရိခေတ် (Queen Sirikit The Queen Mother) ၏ တော်ဝင်အလောင်းတော် မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့ မွန်းလွဲ ၄:၃၀ နာရီတွင် ဘန်ကောက်မြို့၊ စနမ်လွမ် (Sanam Luang) ရှိ တော်ဝင်မီးသင်္ဂြိုဟ်စက်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်ဗျာ။ အဆိုပါ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ညနေ ၅:၀၀ နာရီတွင် Dusit Maha Prasat Throne Hall ၌ တော်ဝင်ကုသိုလ်တော်ပြု အခမ်းအနားကို စတင်ကျင်းပမည်။

နံနက် ၇:၀၀ နာရီတွင် တော်ဝင်ဂူဗိမာန်/အုတ်ဂူတော် (Royal Funeral Urn) ကို Sanam Luang ရှိ တော်ဝင်မီးသင်္ဂြိုဟ်စက်ရုံသို့ ပင့်ဆောင်မည်ဖြစ်ပြီး၊ မွန်းလွဲ ၄:၃၀ နာရီတွင် မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို တရားဝင် ပြုလုပ်မည်ဖြစ်သည်။

မီးသင်္ဂြိုဟ်ပြီးနောက် တော်ဝင်အရိုးပြာတော်များကို သိမ်းဆည်းခြင်းနှင့် ဌာပနာသွင်းခြင်း အခမ်းအနားများကို အစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

တော်ဝင်အသိအမှတ်ပြု ခွင့်ပြုချက်အရ ပြန်ကြားရေးဌာန (Public Relations Department) နှင့် ထိုင်းရုပ်မြင်သံကြားအဖွဲ့ (Television Pool of Thailand) တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ အခမ်းအနား အစီအစဉ် အပြည့်အစုံကို ရုပ်သံလိုင်းများမှတစ်ဆင့် တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း Phra Lan ၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

Source;Khaosod