ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက် (သောကြာနေ့) တွင် အနောက်တောင်မုတ်သုံလေ ပြင်းထန်နေမှုကြောင့် ထိုင်းတစ်နိုင်ငံလုံးတွင် မိုးဆက်လက်ကြီးပြီး မိုးကြိုးမုန်တိုင်းများ ကျရောက်နိုင်ကြောင်း သိရပါတယ်။
လတ်တလောတွင် မိုးရွာသွန်းမှုနှုန်းမှာ ပြီးခဲ့သည့်ရက်ပိုင်းကထက် အနည်းငယ်လျော့နည်းသွားသော်လည်း၊ အနောက်ဘက်ဒေသများနှင့် အရှေ့ဘက်ဒေသများတွင် ဗီယက်နမ်မြောက်ပိုင်းက လေဖိအားနည်းဆဲလ်နှင့် မုတ်သုံလေအရှိန်ကြောင့် မိုးကြီးနိုင်ဆဲဖြစ်လို့ တောင်ခြေအနီး နေထိုင်သူများနှင့် မြေနိမ့်ပိုင်းဒေသခံများအနေဖြင့် ရုတ်တရက်ရေကြီးခြင်းနှင့် တောင်ကျချောင်းရေလျှံခြင်း (Flash floods and forest runoff) ကို သတိပြုကြရန် နှိုးဆော်ထားပါတယ်။
မိုးရွာနိုင်ခြေ ၆၀% ရှိပြီး နေရာကွက်ကျား မိုးကြီးနိုင်ပါတယ်။ အနိမ့်ဆုံးအပူချိန် ၂၆-၂၇ ဒီဂရီဆဲလ်စီးယပ်စ်မှ အမြင့်ဆုံးအပူချိန် ၃၄-၃၆ ဒီဂရီဆဲလ်စီးယပ်စ် အထိ ရှိနိုင်ကာ အနောက်တောင်လေ တစ်နာရီလျှင် ၁၀-၂၀ ကီလိုမီတာနှုန်း တိုက်ခတ်ပါမယ်။မိုးရွာနိုင်ခြေ ၇၀% အထိ မြင့်မားနေပြီး နခွန်စဝမ်၊ ဆာရာပူရီ၊ ကန်ချနာပူရီ၊ ရာ့ချ်ပူရီ၊ နခွန်ပထမ်၊ စမုတ်စုံခရမ်နှင့် စမုတ်စာခွန်ခရိုင် တို့တွင် နေရာကွက်ကျား မိုးကြီးနိုင်ပါတယ်။
မိုးရွာနိုင်ခြေ ၆၀% ရှိပြီး နခွန်နယော့၊ ပရာချင်ပူရီ၊ ချာချိုးဆောင်း၊ ရယောင်း၊ ချန်သပူရီနှင့် တရတ်ခရိုင် တို့တွင် မိုးကြီးနိုင်ပါတယ်။ မိုးကြိုးမုန်တိုင်းဖြစ်ပွားချိန်တွင် ပင်လယ်လှိုင်းအမြင့် ၂ မီတာကျော် အထိ မြင့်တက်နိုင်ပါတယ်။မိုးရွာနိုင်ခြေ ၆၀% ရှိပြီး ဖက်ချ်ပူရီ၊ ပရာကျွတ်ခီရီခန်၊ ချုံဖွန်နှင့် ဆူရတ်ထာနီခရိုင်တို့တွင် မိုးရွာပါမယ်။ ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၂ မီတာခန့် ရှိနိုင်ပါတယ်။
မိုးရွာနိုင်ခြေ ၇၀% အထိရှိပြီး ရနောင်း၊ ဖန်ငါ၊ ဖူးခက် နှင့် ခရာဘီခရိုင်တို့တွင် မိုးကြီးနိုင်ပါတယ်။ ဖူးခက်မြောက်ပိုင်းတွင် မိုးသက်လေပြင်းကျပြီး လှိုင်းအမြင့် ၂ မီတာကျော်အထိ မြင့်တက်နိုင်ပါတယ်။ မိုးရွာနိုင်ခြေ ၆၀% ရှိပြီး မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ လန်ဖွန်၊ တာ့ခ်၊ ကမ်းဖန်ဖက်၊ ဖိချစ်၊ ဖိဆနုလော့နှင့် ဖက်ချ်ချာဘွန်ခရိုင်တို့တွင် နေရာကွက်ကျား မိုးကြီးနိုင်ပါတယ်။မိုးရွာနိုင်ခြေ ၄၀% ဖြင့် အခြားဒေသများထက် အနည်းငယ်နည်းပါးပြီး လွယ်အိ၊ နောင်ခိုင်၊ ဘွန်ကန်၊ ချာယာဖွန်နှင့် နခွန်ရက်ချာစီမာခရိုင်တို့တွင် မိုးရွာသွန်းနိုင်ပါတယ်။
Source; The Nation
