ထိုင်းတော်ဝင်နန်းတော်ဗျူရို (Bureau of the Royal Household) ၏ ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက် ထုတ်ပြန်ချက်အရ တော်ဝင်မင်းသမီး ပါဂျရကီတီယာဗာ (Princess Bajrakitiyabha) သည် ဝမ်းဗိုက်နှင့် အူလမ်းကြောင်းရောင်ရမ်းမှုကြောင့် ပြင်းထန်သော ပိုးဝင်ဝေဒနာခံစားနေရပြီး ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားကာ မတည်မငြိမ်ဖြစ်နေကြောင်း သိရပါတယ်ဗျာ။
နှလုံးရောဂါအခြေအနေကြောင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်ကတည်းက သတိလစ်မေ့မြောကာ ဆေးရုံတက်နေရသည့် မင်းသမီးကြီးသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ မှစတင်ကာ အူမကြီးရောင်ရမ်းမှုကြောင့် ဝမ်းဗိုက်အတွင်း ပိုးဝင်ခြင်းကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ထိုပိုးဝင်မှုကြောင့် သွေးဖိအားကျဆင်းခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် သွေးခဲမှုမမှန်ကန်ခြင်းတို့ဖြစ်ပွားကာ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတာ ဖြစ်ပါတယ်။

အလားတူ တော်ဝင်နန်းတော်သတင်းများအရ မင်းသမီး သီရိဝဏ္ဏဝရီ (Princess Sirivannavari) သည် ဆွီဒင်နိုင်ငံ၊ လင်ချိုပင်း (Linköping) မြို့သို့ သီးသန့်သွားရောက်လည်ပတ်ခဲ့ပြီး ခေတ်မီ Gripen D တိုက်လေယာဉ်၏ စွမ်းဆောင်ရည်ပြသမှုများကို လေ့လာခဲ့ပါတယ်။
မင်းသမီးသည် ထိုင်းလေတပ်ဦးစီးချုပ် အဖွဲ့နှင့်အတူ ဉာဏ်ရည်တု (AI) စနစ်များ ပေါင်းစပ်ထည့်သွင်းထားသည့် ခေတ်မီ Gripen E ရှေ့ပြေးပုံစံတိုက်လေယာဉ်ကြီး၏ ရှေ့မှောက်တွင် အမှတ်တရဓာတ်ပုံ တွဲဖက်ရိုက်ကူးကာ ထိုင်းတော်ဝင်လေတပ် (RTAF) ကို အပြည့်အဝထောက်ခံကြောင်း ပြသခဲ့ပါတယ်ဗျာ။
Source; Thaiger
