ထိုင်းတောင်ပိုင်းမှာ ဘတ် ၁ ဘီလီယံကျော်တန် တရားမဝင် နိုမီနီကွန်ရက်ကြီးကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်၊ ဖန်ငါနဲ့ ခရာဘီခရိုင်တို့မှာ ထိုင်းနိုင်ငံသားအမည်ခံ (Nominee) ပြီး တရားမဝင် မြေကွက်နဲ့ ဇိမ်ခံဗီလာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံတကာကွန်ရက်ကြီးကို ရဲအင်အား ၅၀၀ ကျော်နဲ့ စီးနင်းနှိမ်နင်းခဲ့ပါတယ်။

ကာလတန်ဖိုး ထိုင်းဘတ် ၁.၀၅ ဘီလီယံကျော် ရှိတဲ့ မြေကွက် ၈၉ ကွက်နဲ့ ဇိမ်ခံဗီလာတွေကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါတယ်။

တရားရုံးဝရမ်းအရ ထိုင်းနိုင်ငံသား ၂၇ ဦးနဲ့ အစ္စရေး၊ ပိုလန်၊ ဗြိတိန်၊ ပြင်သစ် အပါအဝင် နိုင်ငံခြားသား ၂၁ ဦး (စုစုပေါင်း ၄၈ ဦး) ကို ဖမ်းဆီးရမိထားပါတယ်။ဖန်ငါရှိ Sava Beach Hotel မှာ လိုင်စင်မရှိဘဲ ဗီလာတွေကို နေ့အလိုက် ငှားရမ်းနေတာ တွေ့ရသလို၊ ခရာဘီမှာလည်း ပိုလန်စုံတွဲတစ်ဦးက ထိုင်းနိုင်ငံသားအမည်ခံပြီး ဘတ်သန်း ၂၀၀ ကျော်တန် Pool Villa စီမံကိန်းတွေကို နောက်ကွယ်က ကြိုးကိုင်နေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အာဏာပိုင်တွေက အခုလို ထိုင်းနိုင်ငံသားအမည်ခံပြီး မြေယာဝယ်ယူတဲ့ တရားမဝင်လုပ်ငန်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာအထိ ဆက်လက်အမြစ်ပြတ် နှိမ်နင်းသွားမှာ ဖြစ်ပါတယ်။

Source;Bangkok Post