ထိုင်းနိုင်ငံ၌ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်အတွင်း အသက် ၂၀ မှ ၂၄ နှစ်အကြား ကျောင်းပြီးစ လူငယ် ၁၇၄,၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်နေပြီး၊ ပညာရေးစနစ်မှ မွေးထုတ်ပေးလိုက်သည့် ကျွမ်းကျင်မှုများနှင့် အလုပ်ရှင်များ တကယ်လိုအပ်နေသည့် နည်းပညာ ကျွမ်းကျင်မှုများ မဟပ်စပ်ခြင်း (Skills Mismatch) ကြောင့်ဖြစ်ကြောင်း ကဆီကွန်း သုတေသနစင်တာ (KResearch) က သတိပေးလိုက်ပါတယ်။
စုစုပေါင်း အလုပ်လက်မဲ့ ၄၀၁,၀၀၀ ဦးအနက် ၄၄% (၁၇၄,၀၀၀ ဦး) မှာ အသက် ၂၀ မှ ၂၄ နှစ်အကြား ကျောင်းပြီးစ လူငယ်များ ဖြစ်ကြသည်။
အနာဂတ်တွင် လေကြောင်း၊ လော့ဂျစ်စတစ်၊ စမတ်အီလက်ထရွန်နစ်နှင့် ဒီဂျစ်တယ် နည်းပညာဆိုင်ရာ STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ) ကျွမ်းကျင်လုပ်သား ၁.၁ သန်းခန့် လိုအပ်မည်ဖြစ်သော်လည်း ဘွဲ့ရသူ ၆၀% ကျော်မှာ ဝိဇ္ဇာနှင့် လူမှုရေးသိပ္ပံ ဘာသာရပ်များကိုသာ သင်ယူထားကြသည်။
နည်းပညာအသစ်များ အမီလိုက်ရန် လုပ်သားများ Reskill/Upskill ပြုလုပ်ရန် လိုအပ်နေသည့်အပြင်၊ AI နှင့် အော်တိုမေးရှင်းစနစ်များ အစားထိုးလာမှုကြောင့် ကျောင်းပြီးစ လူငယ်များ အလုပ်အကိုင် အစားထိုးခံရမည့် အန္တရာယ် ပိုမိုကြီးမားလာသည်။
Source;The Nation
