ထိုင်းအုပ်ချုပ်ရေးဦးစီးဌာန (DOPA)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ (PACC) နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဘန်ကောက်မြို့၊ ဒင်ဒဲန်း (Din Daeng) ဖလတ်အိမ်ရာအတွင်း မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအား အိမ်ထောင်စုဇယား အတုပြုလုပ်ကာ ကတ်ပန်းရောင် (အမှတ် ၇ ဖြင့်စသော ကတ်) ထုတ်ပေးနေသည့် ကွန်ရက်ကြီးကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
စတုရန်းမီတာ ၃၂ သာကျယ်သော ဖလတ်အခန်း ၃ ခန်းအတွင်း အမှန်တကယ် နေထိုင်ခြင်းမရှိဘဲ မြန်မာကလေးငယ် ၁၄၀ ဦး၏ အမည်များကို တရားမဝင် ရွှေ့ပြောင်း ထည့်သွင်းထားသည်ကို တွေ့ရှိရသည်။
၂၀၂၄ ခုနှစ်အတွင်း ဒင်ဒဲန်းမြို့နယ်ရုံးက အမှတ် (၇) ဖြင့်စသော ကတ်ပန်းရောင်ပေါင်း ၂,၃၄၇ ကတ် အထိ ထုတ်ပေးခဲ့သည်။ ဖလတ်အိမ်ရာရှိ အခန်း ၄၄ ခန်းတွင်လည်း လူ ၁,၃၆၆ ဦးအထိ အမည်စာရင်း သွင်းထားသည်ကို စိစစ်တွေ့ရှိရသည်။
ဗဟို အဂတိလိုက်စားမှုဆိုင်ရာ တရားရုံးက ပွဲစားအမျိုးသမီး “ဂျဲနွေ့” (မနွေ့)၊ အိမ်ပိုင်ရှင်များ၊ ပွဲစား၏ တူမဖြစ်သူနှင့် ဒင်ဒဲန်းမြို့နယ်ရုံး အရာရှိ ၃ ဦး၊ စုစုပေါင်း ၇ ဦးကို ဖမ်းဝရမ်း ထုတ်ပြန်ထားသည်။
ပွဲစားဖြစ်သူက မြန်မာလုပ်သားများ၏ ကလေးငယ်များ (အသက် ၇ နှစ်မှ ၁၈ နှစ်အထိ) အား ၎င်း၏ ဆွေမျိုးများပိုင် အိမ်ထောင်စုဇယားထဲသို့ စာရွက်စာတမ်း လက်မှတ်အတုများဖြင့် စာရင်းသွင်းပေးခဲ့ပြီး တစ်ရက်တည်းမှာပင် ကတ်ပန်းရောင် ထုတ်ယူခဲ့ကြသည်။
အဆိုပါ ကတ်ပန်းရောင် (Pink Card – เลข 7) ရရှိပါက ထိုင်းအစိုးရ အသိအမှတ်ပြု အထောက်အထား ရရှိခြင်း၊ တရားဝင် အလုပ်လုပ်ခွင့် လျှောက်ထားနိုင်ခြင်း၊ အခြေခံ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိခြင်းနှင့် နောင်တွင် နိုင်ငံသားအခွင့်အရေး လျှောက်ထားနိုင်ခွင့်များ ရရှိသွားမည်ဖြစ်သည်။
Source;The Reporters
ကျွန်တော်တို့ Mingalar News ကိုအစဉ်အမြဲအားပေးနေသူများအနေနဲ့ Facebook နှင့် Tik Tok မှာသာမက Telegram နှင့် Viber မှာပါ သတင်းများကို အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါပြီခင်ဗျ။
Viber Link
Telegram Link
#Mingalarnews #ထိုင်းရောက်ရွှေမြန်မာ #DinDaengRaid #PinkCardScam #MyanmarMigrants #ThailandImmigration #ထိုင်းသတင်း #ဒင်ဒဲန်း #ကတ်ပန်းရောင် #မြန်မာလုပ်သား
