ထိုင်းနိုင်ငံတွင် တရားဝင်ဇနီးသည် ဖောက််ပြန်နေသည့် လင်နှင့်ငယ်လင်မယားကို အခန်းတံခါးဖျက်စီးပြီး လက်ပူးလက်ကျပ်ဖမ်းမိ

စက်မှုဇုန်တစ်ခုတွင် အလုပ်လုပ်နေပြီး ခင်ပွန်းဖြစ်သူ မစ္စတာဘောလ် နှင့် တရားဝင်လက်ထပ်စာချုပ်ဖြင့် အိမ်ထောင်ရေးကို တည်ဆောက်ထားသည့် အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူအပေါ် မသင်္ကာစိတ်ဝင်လာသဖြင့် နောက်ကြောင်းလိုက်ရာမှတစ်ဆင့် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်ဆိုးနှင့် ထိပ်တိုက်တိုးခဲ့ရပါတယ်။

အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ သွားရောက်ပျော်ပါးနေသည့် နေရာကို စုံစမ်းသိရှိရပြီးနောက် မဆိုင်းမတွဘဲ အခန်းတံခါးကို တွန်းဖျက်ကာ ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် ခင်ပွန်းဖြစ်သူ ဘောလ်သည် အဝတ်အစားမရှိဘဲ ကောင်မလေးတစ်ဦးနှင့် အိပ်ယာပေါ်တွင် ဖောက်ပြန်ပြီးစ အနားယူနေသည့် အခြေအနေဖြစ်နေသည်။

ဇနီးသည်က ဒေါသတကြီးဖြင့် “မင်းက ဘာကောင်လဲ” ဟု အော်ဟစ်မေးမြန်းခဲ့သော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် တောင်းပန်ခြင်း သို့မဟုတ် ထိတ်လန့်ခြင်း လုံးဝမရှိဘဲ ဘာမျှမဖြစ်ခဲ့သကဲ့သို့ ပြုံးရယ်လှောင်ပြောင်နေခဲ့ကြသည်။ ထို့ပြင် မယားငယ်ဖြစ်သူသည် ဇနီးသည်၏ ရှေ့မှောက်တွင် ခင်ပွန်းဖြစ်သူကို ဖက်လှဲတကင်းဖြင့် ပွတ်သပ်ဆော့ကစားပြကာ ရဲရဲတင်းတင်းပင် စိန်ခေါ်ခဲ့သည်။

မိုးဒေါင်သည် ဒေါသကို မထိန်းနိုင်တော့ဘဲ အိပ်ယာပေါ်သို့ ခုန်တက်ကာ မယားငယ်ဖြစ်သူ၏ မျက်နှာကို လက်ဝါးဖြင့် အကြိမ်ကြိမ် ဆင့်ရိုက်ခဲ့သည်။ သို့သော်လည်း ခင်ပွန်းဖြစ်သူမှာ ငြိမ်သက်စွာ ထိုင်ကြည့်နေခဲ့ပြီး မယားငယ်ဖြစ်သူမှာလည်း အဝတ်အစားမပါဘဲ ပက်လက်လှန်ကာ ရှောင်ပြေးခြင်းမရှိဘဲ ဆက်လက်အိပ်စက်နေခဲ့သည်။

ထို့နောက် ဇနီးသည်က ၎င်းတို့နှစ်ဦးကို ပြင်းပြင်းထန်ထန် ဆဲဆိုပးနောက် တရားဝင် အိမ်ထောင်ရေးလက်မှတ် ကို ထုတ်ယူကာ ခင်ပွန်းဖြစ်သူ၏ မျက်နှာကို လွှဲရိုက်ခဲ့ပြီး “နင့်ကို ငါ တရားစွဲမှာ သေချာတယ်” ဟု အော်ဟစ်ကြုံးဝါးခဲ့သည်။

ထိုသို့ စကားများနေစဉ်အတွင်း ခင်ပွန်းဖြစ်သူ ဘောလ်သည် အိပ်ယာပေါ်မှ ထလာပြီး ၎င်း၏ တရားဝင်ဇနီးသည် မယားကြီးကို အခန်းပြင်သို့ ရောက်ရှိသွားစေရန် ခြေထောက်ဖြင့် ကန်ထုတ်ခဲ့သည်။ လက်ရှိတွင် ဤအိမ်ထောင်ရေး ဖောက်ပြန်မှုပြဿနာသည် မည်သို့ အဆုံးသတ်သွားမည်ကို လူမှုကွန်ရက်ပေါ်တွင် စောင့်ကြည့်ဝေဖန်နေကြပါတယ်။

Source;ชลบุรี ฮอต รีพอท นิวส์