ထိုင်းနိုင်ငံ၊ ချန်ပူရီပင်လယ်ပြင်တွင် သင်္ဘောပေါ်က ပြုတ်ကျပြီး ပင်လယ်ထဲ ရောက်သွားတဲ့ ခွေးလေးကို အချိန်မီ ဆယ်ယူနိုင်ခဲ့

ထိုင်းနိုင်ငံ၊ ချန်ပူရီခရိုင် (Chonburi)၊ စီချန်းကျွန်း (Si Chang Island) အနီး ပင်လယ်ပြင်အတွင်း ရေစီးသန်သည့် သင်္ဘောလမ်းကြောင်းထဲတွင် မျောပါပြီး သေလုမျောပါး ဖြစ်နေသည့် အမွေးပွအဖြူရောင် ခွေးလေးတစ်ကောင်ကို စတ္တဟစ် (Sattahip) မှ ကြင်နာတတ်သော ငါးဖမ်းသင်္ဘောဦးစီးမှူးတစ်ဦးက အချိန်မီ ဆယ်ယူကယ်တင်ပေးခဲ့သည့် စိတ်လှုပ်ရှားဖွယ်ဖြစ်စဉ်တစ်ခု မကြာသေးမီက (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်) တွင် ဖြစ်ပွားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် ငါးဖမ်းသင်္ဘောဦးစီးမှူး ကိုအာထိရတ် (Athirat Saetang) သည် စီချန်းပင်လယ်အော်အတွင်းသို့ ငါးဖမ်းရန် မောင်းနှင်လာစဉ် အဝေးတစ်နေရာ၌ သက်ရှိသတ္တဝါနှင့်တူသော အဖြူရောင်အရာတစ်ခု ပင်လယ်ရေပြင်ပေါ်တွင် မျောပါနေသည်ကို သတိပြုမိသဖြင့် ကားမောင်း၍ အနီးကပ်သွားရောက် စစ်ဆေးခဲ့သည်။

အနီးသို့ရောက်သောအခါ အမွေးပွအဖြူရောင် “ပိုဒယ်လ်” (Poodle) မျိုးနွယ်စုဝင် အထီးခွေးလေးတစ်ကောင်သည် ရေမနစ်စေရန် အတင်းရုန်းကန်ရင်း အားအင်ကုန်ခမ်းကာ အမောဖောက်နေသည်ကို တွေ့ရှိခဲ့ရသည်။ ခွေးလေးသည် ကယ်ဆယ်ရေးသင်္ဘောကို မြင်သည်နှင့် အကူအညီတောင်းသည့်အနေဖြင့် သင်္ဘောရှိရာဘက်သို့ အားတင်းကာ ကူးခတ်လာခဲ့သည်။

သင်္ဘောဦးစီးမှူးနှင့် အဖွဲ့သားများက ခွေးလေးကို ရေထဲမှ ဘေးကင်းစွာ ဆွဲတင်ပေးခဲ့ပြီး အဝတ်ခြောက်ဖြင့် သုတ်ပေးခြင်း၊ ရေနှင့် အစားအစာများ ကျွေးမွေးခြင်းတို့ကြောင့် ခွေးလေးမှာ ခရီးဦးကြို အခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့သည်။

သင်္ဘောဦးစီးမှူး ကိုအာထိရတ်၏ ပြောကြားချက်အရ ၎င်းခွေးလေးကို နံနက် ၉:၀၀ နာရီခန့်တွင် “ဆမ်မုခ်” (Sam Muk) ဒေသအနီး ရေစီးအလွန်သန်သည့် ကုန်တင်သင်္ဘောကြီးများ ဖြတ်သန်းရာ ရေနက်လမ်းကြောင်းထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်ညက မိုးသက်မုန်တိုင်းကျရောက်စဉ် ခရီးသည်တင်သင်္ဘော သို့မဟုတ် ပေါလောဆိပ်ခံတံတားတစ်ခုခုပေါ်မှ ပင်လယ်ထဲသို့ ပြုတ်ကျပြီး ရေစီးနှင့်အတူ မျောပါလာခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။ အကယ်၍ ၎င်းတို့သင်္ဘောနှင့်သာ အချိန်မီ မတွေ့ပါက ခွေးလေးမှာ ရေနစ်သေဆုံးရန် သေချာသလောက် ရှိနေသည်။

နောက်ဆုံးတွင် ခွေးလေး၏ ပိုင်ရှင်ဖြစ်သူက သတင်းကြားသိရသဖြင့် ခွေးလေးကို လာရောက်ပြန်လည် ထုတ်ယူခဲ့ပါတယ်ဗျာ။ ပိုင်ရှင်၏ ပြောပြချက်အရ ခွေးလေးသည် ကား သို့မဟုတ် သင်္ဘောပေါ်မှ ရေထဲသို့ ပြုတ်ကျသွားခဲ့ပြီး ရေစီးနှင့်အတူ ပင်လယ်ပြင်ထဲသို့ မျောပါသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အချိန်မီ ကယ်တင်ပေးခဲ့သည့် စေတနာရှင် ငါးဖမ်းသင်္ဘောဦးစီးမှူးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

Source;Khaosod