ထိုင်းနိုင်ငံ၊ ချွန်ပူရီ (Chonburi) ပြည်နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး Mr. Phuwakon To-singkhon ၏ ညွှန်ကြားချက်အရ အလုပ်သမားအရာရှိများနှင့် ပြည်တွင်းလုံခြုံရေးကြီးကြပ်မှုအဖွဲ့ တို့ ပူးပေါင်းကာ ကော့ချန်း မြို့နယ်ရှိ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်ပိတ်ဆို့ ရှာဖွေခဲ့ရာ တရားမဝင် တရုတ်နှင့် မြန်မာအလုပ်သမား ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အရာရှိများ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ချက်ချင်းဝင်ရောက်စီးနင်းချိန်တွင် အလုပ်သမားအမြောက်အမြားမှာ ကွန်ကရစ်ကြမ်းခင်း လောင်းခြင်းနှင့် ကုန်စည်ပို့ဆောင်ရေး ဓာတ်လှေကားတပ်ဆင်ခြင်းများကို လုပ်ကိုင်နေကြသည်။ အာဏာပိုင်များကို မြင်လိုက်ရသည်နှင့် တရုတ်အလုပ်သမားအချို့သည် ကိုင်ထားသည့် ကိရိယာများကို ပစ်ချကာ စက်ရုံနောက်ဘက်သို့ ခြေဦးတည့်ရာ ထွက်ပြေးခဲ့ကြသော်လည်း အာဏာပိုင်များက ဝိုင်းဝန်းပိတ်ဆို့ကာ အားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။
အလုပ်သမားအားလုံးကို စက်ရုံအလယ်တွင် စုဝေးစေပြီး နိုင်ငံကူးလက်မှတ်နှင့် အလုပ်သမာWork Permit များကို သေချာစွာ စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံသား ၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၀ ဦး (စုစုပေါင်း ၁၅ ဦး) မှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ ခိုးလုပ်နေကြောင်း ပေါ်ပေါက်ခဲ့သည်။ ၎င်းတို့အားလုံးကို ကော့ချန်းရဲစခန်းသို့ ပို့ဆောင်ကာ “နိုင်ငံခြားသားဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လုပ်ကိုင်မှု” ဖြင့် အရေးယူထားသည်။
Source;ชลบุรี ฮอต รีพอท นิวส์
