ထိုင်းဘုရင်မွေးနေ့အထိမ်းအမှတ် ဘန်ကောက်-အယုဒ္ဓယ ရှေးဟောင်းရေနွေးငွေ့ရထား အထူးခရီးစဉ် ပြေးဆွဲမည်

ထိုင်းနိုင်ငံတော်ရထားလိုင်း (SRT) သည် ထိုင်းဘုရင် မဟာဝိဇီရာလောင်ကွန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့မှ သမိုင်းဝင်မြို့ဟောင်း အယုဒ္ဓယ (Ayutthaya) သို့ ပြေးဆွဲမည့် ဒုတိယကမ္ဘာစစ်ပြီးခေတ် ရှေးဟောင်းရေနွေးငွေ့ရထား အထူးခရီးစဉ်အတွက် ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် မှစတင်၍ လက်မှတ်များ ရောင်းချပေးနေပြီဖြစ်ပါတယ်။

📅 ခရီးစဉ်အသေးစိတ်

-ပြေးဆွဲမည့်ရက်: ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် (၁ ရက်တာ အသွားအပြန်ခရီးစဉ်)

-အချိန်ဇယား: နံနက် ၀၈:၁၀ နာရီတွင် ဘန်ကောက် (ဟွာလမ်ဖောင်) မှ ထွက်ခွာပြီး ညနေ ၁၆:၅၀ နာရီတွင် အယုဒ္ဓယမှ ပြန်လည်ထွက်ခွာမည်။ (လမ်းခရီးတွင် ဘန်ဆူးနှင့် ရန်းဆစ်ဘူတာတို့၌ ရပ်နားပေးမည်)

-စက်ခေါင်းအမျိုးအစား: ဒုတိယကမ္ဘာစစ်ပြီးခေတ်ကတည်းက အသုံးပြုခဲ့သည့် ရှားပါး Pacific-class ရေနွေးငွေ့စက်ခေါင်းအမှတ် ၈၂၄ နှင့် ၈၅၀ တို့ကို အသုံးပြုမည်။

လက်မှတ်စျေးနှုန်းများ (အသွားအပြန် အပြီးအစီး)

-သာမန်တတိယတန်းထိုင်ခုံ: တစ်ဦးလျှင် ၃၂၉ ဘတ်

– အထူးတန်းထိုင်ခုံ/အိပ်စင်တွဲ: တစ်ဦးလျှင် ၇၉၉ ဘတ် (ရထားပေါ်တွင် မုန့်နှင့် အအေး အခမဲ့ပါဝင်)

 ဝယ်ယူနိုင်မည့်နေရာမှာ SRT ၏ အွန်လိုင်းစနစ် dticket.railway.co.th သို့မဟုတ် ထိုင်းနိုင်ငံတစ်ဝန်းရှိ မီးရထားဘူတာရုံ လက်မှတ်အရောင်းကောင်တာများတွင် ဝယ်ယူနိုင်ပြီဖြစ်သည်။ ခရီးသွားများသည် အယုဒ္ဓယမြို့ရှိ ကမ္ဘာ့အမွေအနှစ်ဝင် ဘုရားကျောင်းများနှင့် ရေပေါ်ဈေးများသို့ စိတ်ကြိုက် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

Source;The Nation

#Mingalarnews #SRTSteamTrain2026 #BangkokToAyutthaya #ရေနွေးငွေ့ရထား