ယခုနှစ်တွင် အာရှတစ်လွှားရှိ နိုင်ငံနှင့် ဒေသပေါင်း ၃၆ ခုမှ တက္ကသိုလ်ပေါင်း ၉၂၉ ခုကို သုတေသန၊ သင်ကြားရေးနှင့် နိုင်ငံတကာအမြင် စသည့် အချက် ၁၈ ချက်ဖြင့် တိုင်းတာ အဆင့်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
၁။ Chulalongkorn University: အာရှအဆင့် ၁၃၄ နေရာကို ရရှိပြီး ထိုင်းနိုင်ငံ၏ နံပါတ် (၁) တက္ကသိုလ် ဖြစ်ပါတယ်။ (အာဆီယံအတွင်း အဆင့် ၁၂ ရှိပါတယ်)။
၂။ Mahidol University: အာရှအဆင့် ၁၄၆ နေရာဖြင့် ထိုင်းနိုင်ငံ၏ ဒုတိယအကောင်းဆုံး တက္ကသိုလ် ဖြစ်ပါတယ်။
၃။ KMUTT (Thonburi): အာရှအဆင့် ၂၀၁-၂၅၀ အုပ်စုအတွင်း ရပ်တည်ကာ ထိုင်းနိုင်ငံ၏ တတိယအဆင့်ကို ရရှိပါတယ်။
၄။ Chiang Mai University: အာရှအဆင့် ၂၅၁-၃၀၀ အုပ်စုအတွင်း ရှိပါတယ်။
၅။ KMUTN (North Bangkok): အာရှအဆင့် ၄၀၁-၅၀၀ အုပ်စုအတွင်း ပါဝင်ပါတယ်။
THE မှ အဆင့်သတ်မှတ်ရာတွင် အောက်ပါကဏ္ဍများကို အလေးပေး တွက်ချက်ထားခြင်း ဖြစ်ပါတယ် –
▪️သုတေသန အရည်အသွေး (Research Quality): ၃၀%
▪️သုတေသန ပတ်ဝန်းကျင် (Research Environment): ၂၈%
▪️သင်ကြားရေး (Teaching): ၂၄.၅%
▪️စက်မှုကဏ္ဍနှင့် ဆက်နွှယ်မှု (Industry): ၁၀%
▪️နိုင်ငံတကာအမြင် (International Outlook): ၇.၅%
ထိုင်းနိုင်ငံက တက္ကသိုလ် ၂၁ ခုအထိ အာရှအဆင့်သတ်မှတ်ချက်ထဲမှာ ပါဝင်လာတာဟာ ထိုင်းပညာရေးလောကအတွက် ဂုဏ်ယူစရာပါပဲဗျာ။ အထူးသဖြင့် ချူလာလောင်ကွန်းနဲ့ မဟီဒေါ တက္ကသိုလ်တွေကတော့ နှစ်စဉ် ထိပ်ဆုံးကနေ အမြဲရပ်တည်နေတာ တွေ့ရပါတယ်။ ထိုင်းမှာ ကျောင်းတက်ဖို့ စဉ်းစားနေတဲ့ မြန်မာကျောင်းသားတွေအတွက်တော့ ဒီ Rankings တွေက ကိုယ်နဲ့ကိုက်ညီမယ့် ကျောင်းကို ရွေးချယ်ဖို့အတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ။
Source;The Nation
