ပတ္တရားတွင် အိန္ဒိယ ခရီးသွား ၃ ဦးအား ပြန်ပေးဆွဲ၍ ငွေတောင်းခံသည့် နိုင်ငံတကာဂိုဏ်းကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း ကယ်တင်

ပတ္တရား၊ ဇူလိုင် ၂၇ (၂၀၂၆) – ထိုင်းနိုင်ငံ၊ ပတ်တရားမြို့ (Pattaya) ရှိ တိုက်ခန်းတစ်ခုအတွင်း နိုင်ငံတကာ ပြန်ပေးဆွဲဂိုဏ်း၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံနေရသည့် အိန္ဒိယနိုင်ငံသား ခရီးသွား ၃ ဦးကို ချွန်ဘူရီ လဝက ရဲတပ်ဖွဲ့နှင့် ပတ္်တရားမြို့မှ ရဲတပ်ဖွဲ့တို့က ဇူလိုင် ၂၇ ရက် ညနေပိုင်းတွင် အောင်မြင်စွာ ဝင်ရောက်ကယ်တင်နိုင်ခဲ့ပါတယ်။
ခရီးသွား ၃ ဦးသည် ခရီးသွား ဝန်ဆောင်မှု ပက်ကေ့ချ် ဝယ်ယူ၍ ရောက်ရှိလာစဉ် ဟိုတယ်သို့ ပို့ပေးမည်ဟု ဆိုကာ ပတ်တရားရှိ နှစ်ထပ်တိုက်ခန်းသို့ လှည့်ဖြား ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။
တိုက်ခန်းအတွင်း၌ ၎င်းတို့အား လက်နှင့် ခြေများ တုတ်နှောင်၍ ပါးစပ်ကို တိပ်ဖြင့် ကပ်ထားသည့်အပြင်၊ ဓားဖြင့် ခြိမ်းခြောက် ရိုက်နှက်ခဲ့ကြသည်။ မိသားစုထံ ရုပ်သံများ ပို့ရာတွင် ဒဏ်ရာပြင်းထန်ပုံ ပေါ်စေရန် အနီရောင် စပရေးဆေးများ ပက်ဖြန်း၍ တစ်ဦးလျှင် ရူပီး ၄ သန်း (ထိုင်းဘတ် ၁.၄ သန်းခန့်) စီ ပြန်ပေးငွေ တောင်းခံခဲ့သည်။
အဆိုပါ ဂိုဏ်းတွင် ပါကစ္စတန်နိုင်ငံသား ၄ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦး (စုစုပေါင်း ၅ ဦး) ပါဝင်ပြီး အိန္ဒိယသံရုံး၏ အကူအညီတောင်းခံမှုမှတစ်ဆင့် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို လိုက်လံစုံစမ်း၍ သွားရောက် ကယ်တင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသည့် ပြန်ပေးဆွဲ ဂိုဏ်းဝင် ၅ ဦးလုံးကို အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်ရေးအတွက် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

Source;The Nation