ဘန်ကောက် ရေဘေးကာကွယ်ရေး ဗဟိုဌာန (Bangkok Flood Prevention Center) ၏ အောက်တိုဘာ ၁ ရက် နံနက် ၇:၀၀ နာရီ ထုတ်ပြန်ချက်အရ ဘန်ကောက်မြို့တွင်း လမ်းမကြီး အများအပြားတွင် ရေများ ပြန်လည်ကျဆင်း စောက်ကောက်သွားပြီဖြစ်သော်လည်း မြို့နယ်အချို့တွင် ရေအနက် ၁၅ မှ ၄၀ စင်တီမီတာအထိ ရေကြီးနေဆဲဖြစ်ပြီး ယာဉ်ငယ်များ သွားလာရန် ခက်ခဲနေဆဲ ဖြစ်ပါတယ်။
🟢 ရေပြန်ကျသွားပြီဖြစ်သည့် လမ်းမကြီးများ (Dry Roads)
-Lat Phrao Road: စာတိုက်အနီး ဘန်းကပိလမ်းဆုံ အဝင် (ယာဉ်တစ်စီး ပျက်နေသည်)
-Sri Burapha Road
-Ram Inthra Road
-Vibhavadi Rangsit Road
-Happy Land 1 Road
-Nawamin Road: နဝမင်း စွယ်လမ်း ၈ မှ ဘန်းကပိလမ်းဆုံအထိ (ယာဉ်တစ်စီး ပျက်နေသည်)
-Sukhaphiban 5 Road
-Srinakarin Road
-Hua Mak Road
🔴 ရေကြီးနေဆဲ လမ်းမကြီးများ (Flooded Main Roads)
-Phahonyothin Road: သူပါတဲမီး အားကစားကွင်းရှေ့မှ Phahonyothin 60 အထိ (ရေအနက် ၁၅-၂၀ စင်တီမီတာ)
-Luang Paeng Road (အန္တရာယ်ရှိ):
▪️Lotus Lat Krabang ရှေ့တွင် ရေအနက် ၄၀ စင်တီမီတာ အထိ ရှိနေသဖြင့် ယာဉ်သွားလာမှု ပိတ်ထားသည်။
▪️Wat Phol Mani နှင့် Wat Ratchakosa လမ်းဆုံများတွင် ရေအနက် ၃၀-၄၀ စင်တီမီတာရှိ၍ ယာဉ်ငယ်များ မဖြတ်ကြရန် သတိပေးထားသည်။
-Chalong Krung Road: နည်းပညာ တက္ကသိုလ် ရထားလမ်းဆုံတွင် ရေအနက် ၂၀-၃၀ စင်တီမီတာရှိ၍ ယာဉ်ငယ်များ မဖြတ်ကြရန် သတိပေးထားသည်။
-Bangkok-Kritha Road: စွယ်လမ်း ၃၇ မှ ၅၅ အထိ ရေအနက် ၂၀-၃၀ စင်တီမီတာရှိ၍ ယာဉ်ငယ်များ မဖြတ်ကြရန်သတိပေးထားသည်။
-Suwinthawong Road: Nimit Mai လမ်းဆုံမှ Rat Uthit လမ်းဆုံအထိ တစ်ပြင်လုံး ရေအနက် ၂၀-၃၀ စင်တီမီတာရှိသည်။
-Lat Krabang Road: သုဝဏ္ဏဘူမိ လေဆိပ်လမ်းဆုံ (Suksaman) အပါအဝင် ခလောင်ဟွာတာခူး အနီးတစ်ဝိုက် ရေအနက် ၂၀-၃၀ စင်တီမီတာရှိသည်။
-Sai Mai Road: Sai Mai Avenue ရှေ့မှ Wong Sakorn ဈေးအထိ ရေအနက် ၁၅-၂၀ စင်တီမီတာရှိသည်။
-Prayasuren Road, Seri Thai Road, Sihaburanukit Road & Chao Khun Thahan Road: ရေအနက် ၅ မှ ၂၀ စင်တီမီတာအထိ ရှိနေသော်လည်း ယာဉ်ကြီး/ငယ်များ ပုံမှန် သွားလာနိုင်သေးသည်။
Source;Thairath
