မယ်ဟောင်ဆောင်တွင် ရေကြီး၍ ဆောင်ဟင် သို့ သွားမည့်လမ်းများ လုံးဝပြတ်တောက်

ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင် (Mae Hong Son)၊ မယ်စာလျန်ခရိုင်ခွဲ (Mae Sariang) အတွင်းရှိ ဆောင်ဟင် (Sao Hin) ဒေသတွင် ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက် (အင်္ဂါနေ့) ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ပြင်းထန်သော လျှပ်တစ်ပြက်တောင်ကျရေကြောင့် လမ်းပန်းဆက်သွယ်ရေး တံတားများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးကာ ဒေသတွင်း ကူးသန်းသွားလာခွင့် လုံးဝပြတ်တောက်သွားကြောင်း သိရပါတယ်။

မေလ ၂၆ ရက် ညပိုင်းတွင် ဘေးပတ်ဝန်းကျင် တောင်ကုန်းမြင့်များမှ တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာခဲ့ရာ ဆောင်ဟင်ကျေးရွာအုပ်စု (Tambon Sao Hin) အတွင်း အောက်ပါအတိုင်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် ဘန်ပိုဆို (Ban Po So) ကျေးရွာတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာနက တည်ဆောက်ပေးထားသည့် ပိုဆို (Po So) ယာယီတံတား မှာ ပြင်းထန်သော ရေစီးကြောင်းကြောင့် မျောပါပျက်စီးသွားပြီး အသုံးပြု၍မရတော့ပေ။

ရေစီးကြောင်းသည် ဘန်ပိုဆိုကျောင်း (Ban Po So School) အတွင်းသို့ လျှံတက်ဝင်ရောက်ခဲ့ပြီး ကျောင်းသားအိပ်ဆောင် အဆောက်အအုံများ၏ အောက်ခြေအထိ ရေမြင့်တက်ခဲ့သည်။

ည ၇:၄၇ နာရီအချိန်တွင် တာဝန်ရှိသူများက ဆောင်ဟင်ဒေသသို့ ဝင်ရောက်မည့် လမ်းကြောင်းအားလုံး ရေစီးသန်ပြီး ပြတ်တောက်သွားပြီဖြစ်ကြောင်းနှင့် မော်တော်ယာဉ်မောင်းနှင်သူများ အဆိုပါလမ်းပိုင်းသို့ လုံးဝမသွားကြရန် အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

Source;The Nation