မြန်မာ့လက်ရွေးစင် ခင်နှင်းဝေ အာရှအားကစားပြိုင်ပွဲ ပထမဆုံး တက်ခ်ဘော ရွှေတံဆိပ်ဆု သမိုင်းဝင် ဆွတ်ခူး

ဂျပန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ (Asian Games) တွင် မိတ်ဆက်ထည့်သွင်းခဲ့သည့် တက်ခ်ဘော (Teqball) အားကစားနည်းမှ မြန်မာနိုင်ငံအတွက် သမိုင်းဝင် ပထမဆုံး အာရှအားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုကို ကစားသမား ခင်နှင်းဝေက စက်တင်ဘာ ၂၀ ရက်နေ့တွင် ဆွတ်ခူးရရှိသွားခဲ့ပါတယ်ဗျာ။

ဘာစီလိုနာနှင့် စပိန်အသင်း၏ ဂန္ထဝင် နောက်ခံလူ ကားလက်စ် ပူယို (Carles Puyol) ကိုယ်တိုင် ပွဲကြည့်စင်မှ ကြည့်ရှုအားပေးနေသည့် အမျိုးသမီး တစ်ဦးချင်း ဗိုလ်လုပွဲတွင် ခင်နှင်းဝေသည် အင်ဒိုနီးရှား ကစားသမား ဆူမာယာ (Sumaya) ကို ၂ – ၁ ပွဲစဉ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ခင်နှင်းဝေသည် ပထမပွဲစဉ်တွင် ၁၀ – ၁၂ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲစဉ်နှင့် တတိယပွဲစဉ်တို့တွင် ၁၂ – ၈၊ ၁၂ – ၉ ဖြင့် အနိုင်ရကာ ပထမဆုံးအကြိမ် တက်ခ်ဘော အမျိုးသမီး တစ်ဦးချင်း ရွှေတံဆိပ်ဆုရှင် ဖြစ်လာခဲ့သည်။

“ကျွန်မ အရမ်းဝမ်းသာပါတယ်။ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲမှာ ယုံယုံကြည်ကြည်နဲ့ ရွေးချယ်ပေးခဲ့တဲ့ နည်းပြချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ လုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သော ၁၄ နှစ်က ဟန်ဂေရီနိုင်ငံရှိ ဂိုဒေါင်တစ်ခုအတွင်း စတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးနှင့် စားပွဲတင်တင်းနစ် (Ping-Pong) ကို ပေါင်းစပ်ထားကာ ခုံးနေသော စားပွဲပေါ်တွင် ခြေထောက်ဖြင့် ပုတ်ခတ်ကစားရသည့် အားကစားနည်းဖြစ်သည်။ အရှေ့တောင်အာရှ၏ ပိုက်ကျော်ခြင်း အားကစားနည်းနှင့် ခပ်ဆင်ဆင် တူညီသည်။

ဂျပန်အသင်းမှ အသက် ၄၀ အရွယ် လူရွှင်တော် Takahiro Nodomi နှင့် အသက် ၄၄ နှစ်အရွယ် အင်ဒိုနီးရှား ပိုက်ကျော်ခြင်း ကစားသမားဟောင်း Husni Uba တို့လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

Source;The Straits Times

ကျွန်တော်တို့ Mingalar News ကိုအစဉ်အမြဲအားပေးနေသူများအနေနဲ့ Facebook နှင့် Tik Tok မှာသာမက Telegram နှင့်  Viber မှာပါ သတင်းများကို အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါပြီခင်ဗျ။

Viber Link

https://invite.viber.com/?g2=AQB8u%2BpSZLE1p1bROaOOXXrJ0xZ8ZprJpFotjgSF2PcAvXYaicM8uipepVOMVyeM

Telegram Link

https://t.me/mingalarnews

#Mingalarnews #ထိုင်းရောက်ရွှေမြန်မာ #AsianGames2026 #Teqball #KhinHninWai #MyanmarSports #GoldMedal #မြန်မာ့အားကစား