ဟက်ယိုင်တွင် ဆရာဟောင်းဖြစ်သူမှ သေနတ်ပုံများဖြင့် ခြိမ်းခြောက်၍ ကျောင်းသင်ခန်းစာများကို အွန်လိုင်းမှတစ်ဆင့် ပြောင်းလဲသင်ကြား

ဆုန်းခလာခရိုင်၊ Hatyaiwittayalai ကျောင်းမှ အလုပ်ထုတ်ခံလိုက်ရသည့် တောင်အာဖရိကနိုင်ငံသား အင်္ဂလိပ်စာ ဆရာဟောင်းတစ်ဦးက LINE ဂရုထဲတွင် သေနတ်ပုံများနှင့် ခြိမ်းခြောက်စာများ တင်ခဲ့သဖြင့် ကျောင်းဘက်မှ ဩဂုတ် ၁၀ မှ ၁၁ ရက်နေ့အထိ အွန်လိုင်းမှတစ်ဆင့် စာသင်ကြားရေးသို့ ပြောင်းလဲလိုက်ပါတယ်ဗျာ။
ဇူလိုင် ၂၄ ရက်တွင် စည်းကမ်းဖောက်ဖျက်၍ အလုပ်ထုတ်ခံရပြီးနောက် LINE ဂရုအတွင်း သေနတ်ပုံများနှင့် ခြိမ်းခြောက်စာများ ပို့ခဲ့သဖြင့် မိဘနှင့် ကျောင်းသားများ စိုးရိမ်ခဲ့ကြရသည်။
ရဲတပ်ဖွဲ့၏ စိစစ်ချက်အရ အဆိုပါ ဆရာဟောင်းသည် ဇူလိုင် ၁၉ ရက်ကတည်းက ထိုင်းနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးကြောင်း တွေ့ရှိရသည်။
ရဲတပ်ဖွဲ့က ကျောင်းဝန်းကျင်တွင် လုံခြုံရေး ဆက်လက် တိုးမြှင့်ပေးထားပြီး၊ သတင်းအမှားများကြောင့် ထိတ်လန့်မှုမဖြစ်ရန်လည်း ကျောင်းဘက်က သတိပေးထားသည်။

Source;Khaosod