ယခုနှစ် ဧပြီလမှစတင်၍ နိုင်ငံခြားသားများနှင့်အတူ လုပ်ငန်းထောင်မည့် ထိုင်းရှယ်ယာရှင်များသည် ၎င်းတို့၏ ငွေကြေးပိုင်ဆိုင်မှု အထောက်အထား (Financial Credentials) များကို တင်ပြရမည်ဟု သတ်မှတ်လိုက်ပြီးနောက် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက မှတ်ပုံတင်မှု ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။
အိမ်ခြံမြေ၊ သယ်ယူပို့ဆောင်ရေး (Logistics) နှင့် အုန်းသီးဖြန့်ဖြူးရေးလုပ်ငန်းများတွင် အမည်ခံ (Nominee) စနစ်ဖြင့် လုပ်ကိုင်နေသည့် ကွန်ရက်များကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ခရီးသွားလုပ်ငန်း အားကောင်းသည့် ခရိုင် ၁၀ ခုတွင် ပုံမှန်မဟုတ်သော မှတ်ပုံတင်မှု ၇,၅၀၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး၊ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်သည့် နိုင်ငံခြားသား ၄,၃၀၀ ကျော်ကိုလည်း စွပ်စွဲချက်များဖြင့် အရေးယူထားပါတယ်။
DBD Biz Regist စနစ်တွင် မိမိ၏ Login အချက်အလက်များကို အခြားသူအား ပေးသုံးခြင်း သို့မဟုတ် လူကိုယ်တိုင် လာရောက်ခြင်းမရှိဘဲ မှတ်ပုံတင်ခြင်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။အမည်ခံလုပ်ငန်းများကို နိုင်ငံတစ်ဝန်း နှိမ်နင်းရန်အတွက် ဌာနဆိုင်ရာ ၂၁ ခုနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးမည်ဖြစ်ပြီး ဝန်ကြီးချုပ် Anutin Charnvirakul ကိုယ်တိုင် ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။
စီးပွားရေးဝန်ကြီးဌာနသည် ပြည်သူများ၏ ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် “Thai Chuay Thai” အစီအစဉ်ကို နိုင်ငံတစ်ဝန်းရှိ ခရိုင်ရုံးပေါင်း ၈၇၈ ခုတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။
၁။ လျှော့ဈေး: အိမ်ထောင်စုသုံး အခြေခံကုန်ပစ္စည်း အမျိုးပေါင်း ၃,၀၀၀ ကျော်ကို ၅၈ ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် ရောင်းချပေးမည်။
၂။ ကျင်းပမည့်အချိန်: ယခုလအတွင်း သောကြာနေ့တိုင်း ခရိုင်ရုံးများတွင် ကျင်းပမည်။ ၃။ ဖြန့်ဖြူးမှုစနစ်: Thailand Post (ထိုင်းစာတိုက်) နှင့် ပူးပေါင်းကာ ကျေးလက်ဒေသများအထိ ကုန်ပစ္စည်းများ ရောက်ရှိရန် ဆောင်ရွက်မည်။
၄။ Rod Pum Phuang (ဈေးကားများ): ဝေးလံခေါင်ဖျားသော နေရာများအတွက် ကုန်စုံဆိုင်ကားများ (Rod Pum Phuang) ဖြင့် လှည့်လည်ရောင်းချပေးမည်။
၅။ အွန်လိုင်းဈေးကွက်: SME လုပ်ငန်းရှင်များ၏ ထွက်ကုန်များကို ThailandPost Mart, TikTok Shop, Shopee နှင့် Line Mart တို့တွင် အပိုခငွေပေးစရာမလိုဘဲ ရောင်းချခွင့် ပြုသွားမည်။
Source;Bangkok Post
