သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနဟာ ဘန်ကောက်တစ်မြို့လုံးရှိ ရထားကွန်ရက်အားလုံးမှာ လက်မှတ်ဈေးနှုန်းတွေကို စံတစ်ခုတည်းဖြစ်အောင် လုပ်ဆောင်ဖို့အတွက် အချိန်နဲ့ ဇုန်အလိုက် သတ်မှတ်မယ့် ပုံစံသစ်ကို လေ့လာနေပါတယ်။
မိနစ် ၄၀ အတွင်း ခရီးစဉ်တွေအတွက် ရထားခကို ၄၀ ဘတ် သာ သတ်မှတ်မှာ ဖြစ်ပါတယ်။ အကယ်၍ မိနစ် ၄၀ ထက် ကျော်လွန်သွားပါက နောက်ထပ် ၂၀ ဘတ် ထပ်တိုးမှာဖြစ်ပြီး တစ်နေ့တာအတွက် အများဆုံး ပေးချေရမယ့်နှုန်းကို ၆၀ ဘတ် (Max Cap) အဖြစ် သတ်မှတ်ဖို့ လျာထားပါတယ်။ ဘူတာ ၂ ခု ဒါမှမဟုတ် ၃ ခုလောက်ပဲသွားလို့ ရထားခက ၄၀ ဘတ်အောက် နည်းနေမယ်ဆိုရင်တော့ လက်ရှိကျသင့်တဲ့ အမှန်တကယ်နှုန်းထားအတိုင်းသာ ပေးချေရမှာ ဖြစ်ပါတယ်။
ဒီမူဝါဒဟာ BTS (မိုးပျံရထား)၊ MRT (မြေအောက်ရထား) နဲ့ တခြားသော လျှပ်စစ်ရထားလိုင်းအားလုံးမှာ အချင်းချင်း ကူးပြောင်းစီးနင်းရင်လည်း အကျုံးဝင်အောင် စီစဉ်နေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ် အောင်မြင်ဖို့အတွက် အစိုးရအနေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေဆီက ရထားလုပ်ပိုင်ခွင့် (Concessions) တွေကို ပြန်လည်ဝယ်ယူပြီး အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို ပိုမိုရောက်ရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
အစိုးရက စိုက်ထုတ်ရတဲ့ အသုံးစရိတ်တွေကို လျှော့ချနိုင်ဖို့အတွက် နှစ်စဉ် ရထားခကို ၅ ဘတ်ခန့်စီ တိုးမြှင့်သွားမယ့် အစီအစဉ်ကိုလည်း ထည့်သွင်းစဉ်းစားနေပါတယ်။
Source;Khaosod English
