သင်အကြိုက်ဆုံး ထိုင်းအစားအစာတွေက သင့်ကျောက်ကပ်ကို ဖျက်ဆီးနေတယ်ဆိုတာသိလား?

ကျောက်ကပ်ရောဂါဟာ တစ်ညတည်းနဲ့ ဖြစ်လာတာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ နေ့စဉ် စားသောက်မှုပုံစံကြောင့် တဖြည်းဖြည်းချင်း ပျက်စီးလာတာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ တစ်နေ့ကို ဆိုဒီယမ်ဓာတ် ၂,၀၀၀ မီလီဂရမ် (ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ) ထက် ပိုမစားသင့်ပေမဲ့၊ ထိုင်းအစားအစာ တော်တော်များများကတော့ တစ်နပ်တည်းနဲ့တင် ဒီပမာဏကို ပြည့်မီနေတတ်ပါတယ်။

ကျောက်ကပ်အထူးကုဆရာဝန်တွေ သတိပေးထားတဲ့ ဆိုဒီယမ် အလွန်များတဲ့ ထိုင်းအစားအစာ (၁၀) မျိုး ကို လေ့လာကြည့်ရအောင် 👇

🚫 ဆိုဒီယမ် အမြင့်ဆုံး ထိုင်းအစားအစာ (၁၀) မျိုး

၁။ သင်္ဘောသီးထောင်း (ငါးပိရည်/ဂဏန်းအငန်ပါဝင်မှု) 🥗 –

ဆိုဒီယမ် ၁,၉၁၃ mg ခန့် (တစ်ပွဲစားရုံနဲ့ တစ်နေ့တာ လိုအပ်ချက်ကို ပြည့်လုနီးပါး ဖြစ်စေပါတယ်။)

၂။ တွမ်ယမ်းပုစွန်ဟင်းရည် (အနှစ်ပါဝင်မှု) 🥘 

ဆိုဒီယမ် ၁,၇၂၆ mg ခန့် (ငရုတ်သီးအနှစ်နဲ့ ငံပြာရည်တွေကြောင့် ဆိုဒီယမ် အလွန်များပါတယ်။)

၃။ ထိုင်းစတိုင် ဆူကီယာကီ (အသုတ်/အကြော်) 🍜 

ဆိုဒီယမ် ၁,၃၀၀ – ၁,၅၀၀ mg ခန့် (အဓိက တရားခံကတော့ ဆူကီယာကီ ဆော့စ် (Sauce) တွေပဲ ဖြစ်ပါတယ်။)

၄။ ပနန်းအသားဟင်း (Panang Curry) 🍛

ဆိုဒီယမ် ၁,၃၄၉ mg ခန့်

၅။ မာစမန်ဟင်း (Massaman Curry) 🥘

ဆိုဒီယမ် ၁,၃၀၃ mg ခန့် (အရသာ ချိုနေပေမဲ့ ဟင်းအနှစ်ထဲမှာ ဆားဓာတ်တွေ အများကြီး စုပုံနေပါတယ်။)

၆။ ပတ်ထိုင်း (Pad Thai) 🍝

ဆိုဒီယမ် ၁,၁၃၈ mg ခန့်

၇။ ခေါက်ဆွဲခြောက်သုတ် (Yum Mama) 🥗

ဆိုဒီယမ် ၁,၀၀၀ mg အထက် (ခေါက်ဆွဲခြောက်ထဲက အမွှေးအကြိုင်ထုပ်တွေကြောင့် ဆိုဒီယမ် ပိုများတာပါ။)

၈။ စိမ်းစိုဟင်း (Green Curry) 🍲 

ဆိုဒီယမ် ၈၇၀ mg ခန့်

၉။ တွမ်ခါကြက်သား (အုန်းနို့ဟင်းရည်) 🥣 

ဆိုဒီယမ် ၈၅၄ mg ခန့်

၁၀။ လှေခေါက်ဆွဲ (Boat Noodles) 🍜 

ဆိုဒီယမ် ၈၄၂ mg ခန့်

🚨 ဆား (ဆိုဒီယမ်) အစားများနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ

🔸မနက်နိုးတဲ့အခါ မျက်နှာ၊ လက် ဒါမှမဟုတ် ခြေထောက်တွေ ဖောယောင်နေခြင်း။

🔸ခဏခဏ ရေငတ်ခြင်း။

🔸ဆီးသွားနည်းခြင်း သို့မဟုတ် ဆီးအရောင် ရင့်ခြင်း။

🔸ခေါင်းခဏခဏ ကိုက်ခြင်းနှင့် သွေးတိုးခြင်း။

✅ ကျောက်ကပ်မထိခိုက်အောင် ဘယ်လိုစားမလဲ?

၁။ ဟင်းရည်တွေကို အကုန်မသောက်ပါနဲ့: ဆိုဒီယမ် အများစုဟာ ဟင်းရည်နဲ့ ဆော့စ်တွေထဲမှာ ရှိတာကြောင့် အဖတ်ကိုပဲ ပိုစားပေးပါ။ 

၂။ အပြင်စာမှာ “ဆားလျှော့၊ အချိုမှုန့်မထည့်နဲ့” လို့ ပြောပါ: ခုနောက်ပိုင်း ဆိုင်တော်တော်များများက အော်ဒါမှာကတည်းက ပြောရင် လိုက်လျောပေးတတ်ကြပါတယ်။ 

၃။ ငံပြာရည်/ဆော့စ် ထပ်မထည့်ပါနဲ့: အစားအသောက် ရောက်လာတာနဲ့ အလိုအလျောက် ငံပြာရည် ထပ်ထည့်တတ်တဲ့ အကျင့်ကို ဖျောက်ပစ်ပါ။ 

၄။ ပိုတက်စီယမ်ကြွယ်ဝတဲ့ အသီးအနှံစားပါ:ငှက်ပျောသီး၊ ဖရဲသီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်ထဲက ဆိုဒီယမ်တွေကို ပြန်လည် ထိန်းညှိပေးနိုင်ပါတယ်။

💡 အကြံပြုချက် – ကျောက်ကပ်ရောဂါဟာ အစောပိုင်းအဆင့်မှာ လက္ခဏာမပြတတ်တာကြောင့် တစ်နှစ်တစ်ကြိမ် ကျောက်ကပ်စစ်ဆေးမှု (eGFR) နဲ့ ဆီးစစ်တာမျိုး လုပ်ပေးဖို့ တိုက်တွန်းလိုပါတယ်။

ကျန်းမာရေးအတွက် အစားအသောက်ကို ဆင်ခြင်နိုင်ဖို့ ဒီ Post လေးကို Share လုပ်ပြီး ကိုယ်ချစ်ခင်ရသူတွေကို သတိပေးလိုက်ပါဦး ❤️

Source; The Nation