မေလ ၄ ရက် (Coronation Day) တွင် အမြန်လမ်း ၃ ခု အခမဲ့ ဖြတ်သန်းနိုင်မည်

အမြန်လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ကို မေလ ၄ ရက် နံနက် ၀၀:၀၁ နာရီမှ ညသန်းခေါင် ၁၂:၀၀ နာရီအထိ တစ်ရက်တိတိ သတ်မှတ်ပေးထားပြီး အောက်ပါလမ်းပိုင်းများ ပါဝင်ပါတယ် –

၁။ Chalerm Mahanakorn Expressway (အပြာရောင်လိုင်း)

▪️ပဒေသများ: ဒင်ဒန်း – ဘန်နာ – ဒေါင်ခနောင်း (Din Daeng-Bang Na-Dao Khanong)

▪️ပါဝင်သည့် တိုးဂိတ်အရေအတွက်: ၂၁ ဂိတ်

၂။ Si Rat Expressway (ခရမ်းရောင်လိုင်း)

▪️ပဒေသများ: ကျန်းဝပ်သနာ – ဘန်ခလို – သီရိနဂရိန္ဒြာ (Chaeng Watthana-Bangkhlo-Srinagarindra)

▪️ပပါဝင်သည့် တိုးဂိတ်အရေအတွက်: ၃၂ ဂိတ်

၃။ Udon Ratthaya Expressway

▪️ပဒေသများ: ဘန်ပါအင် – ပတ်ခရက် (Bang Pa-in-Pak Kret)

▪️ပပါဝင်သည့် တိုးဂိတ်အရေအတွက်: ၁၀ ဂိတ်

ဤအစီအစဉ်သည် အစိုးရနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့၏ မူဝါဒအရ EXAT နှင့် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများဖြစ်သည့် BEM နှင့် NECL တို့အကြား သဘောတူညီချက်အရ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်များမှာ –

▪️အများပြည်သူ အားလပ်ရက် ခရီးသွားလာမှု လွယ်ကူချောမွေ့စေရန်။

▪️ပြည်သူများ၏ ခရီးစရိတ် ကုန်ကျမှုကို လျှော့ချပေးရန်။

▪️အမြန်လမ်း တိုးဂိတ်များတွင် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန်။

Source;The Nation