နံနက် ၇ နာရီခွဲခန့်မှစတင်ကာ စမုပရာကန်ရှိ Si Thepha လမ်းဆုံ အနီးတွင် လမ်းမျက်နှာပြင်တစ်ခုလုံး ရေဖုံးလွှမ်းသွားခဲ့ပြီး မော်တော်ကားနှင့် ဆိုင်ကယ်များ သွားလာရ ခက်ခဲနေသဖြင့် အခြေအနေမှာ အလွန်စိုးရိမ်ရသည့် အဆင့်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။

မိုးလေဝသ အခြေအနေနှင့် သတိပေးချက်
၁။ မိုးတိမ်တိုက်များ အခြေအနေ: ထိုင်းမိုးလေဝသဌာန (TMD) ၏ ထုတ်ပြန်ချက်အရ မိုးတိမ်တိုက်များသည် ဘန်ကောက်၏ Thung Khru နှင့် Bang Na ခရိုင်များအပြင် စမုပရာကန်တစ်ခွင်တွင် ပျံ့နှံ့နေပါတယ်။
၂။ စောင့်ကြည့်ရမည့် နေရာများ:ဘန်ကောက်ရှိ Yannawa, Phra Khanong နှင့် Chonburi ခရိုင်အချို့တွင်လည်း မိုးဆက်လက်ရွာသွန်းနိုင်ပါတယ်။
၃။ မိုးရွာသွန်းမည့် ကြာချိန်: မိုးတိမ်တိုက်များသည် မြောက်ဘက်သို့ နှေးကွေးစွာ ရွေ့လျားနေသဖြင့် အဆိုပါဒေသများတွင် အနည်းဆုံး တစ်နာရီကျော်ခန့် ဆက်လက်ရှိနေဦးမည်ဖြစ်ရာ ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာနိုင်ပါတယ်။
၄။ ယာဉ်မောင်းများသို့ အကြံပြုချက်: အထူးသဖြင့် Srinakarin-Thepharak လမ်းပိုင်းမှ ဘန်ကောက်အတွင်းပိုင်းသို့ သွားမည့်သူများအနေဖြင့် လမ်းကြောင်းများကို ကြိုတင်စစ်ဆေးရန်နှင့် မလိုအပ်ဘဲ အဆိုပါလမ်းပိုင်းသို့ မသွားရန် တိုက်တွန်းထားပါတယ်။
Source; The Nation
