ထိုင်းလေဆိပ် ၆ ခုတွင် နိုင်ငံတကာခရီးသည်ဝန်ဆောင်ခ ၅၀% တိုးမြှင့်မည်

လက်ရှိကောက်ခံနေသည့် နှုန်းထားများထက် သိသိသာသာ တိုးတက်လာမှာဖြစ်ပြီး နိုင်ငံတကာခရီးစဉ်များဖြင့် ထွက်ခွာမည့် ခရီးသည်များကိုသာ သတ်မှတ်ကောက်ခံသွားမှာ ဖြစ်ပါတယ်။

🔍 အဓိက အချက်အလက်များ

▪️ပြောင်းလဲမည့်နှုန်းထား: တစ်ဦးလျှင် ၇၃၀ ဘတ်မှ ၁,၁၂၀ ဘတ် သို့ တိုးမြှင့်မည်။

▪️စတင်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်။

▪️သက်ဆိုင်သည့် လေဆိပ်များ: သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ချင်းမိုင်၊ ချင်းရိုင်၊ ဖူးခက် နှင့် ဟတ်ယိုင် လေဆိပ်များ။

▪️ရည်ရွယ်ချက်: လေဆိပ်အဆောက်အအုံသစ်များ တိုးချဲ့ရန်၊ အလိုအလျောက် ခရီးသည်စစ်ဆေးရေးစနစ် (CUPPS) များ တပ်ဆင်ရန်နှင့် လုံခြုံရေးနည်းပညာများ မြှင့်တင်ရန်အတွက် အသုံးပြုသွားမည်။

AOT ဥက္ကဋ္ဌ Paweena က ယခုကဲ့သို့ ဈေးနှုန်းတိုးမြှင့်ခြင်းသည် ခရီးသွားလာမှုအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း၊ စင်ကာပူနိုင်ငံ၏ လေဆိပ်ခ (ဘတ် ၁,၆၀၀ ခန့်) နှင့် နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံ၏ နှုန်းထားမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source;Bangkok Post