၁၈ နှစ်ဆက်တိုက် ထိုင်းနိုင်ငံရဲ့ နံပါတ် (၁) ချူလာလောင်ကွန်းတက္ကသိုလ် ကမ္ဘာ့အဆင့် ၂၁၂ သို့ ရောက်ရှိ

ထိုင်းနိုင်ငံ၏ ဂုဏ်ဆောင် ချူလာလောင်ကွန်းတက္ကသိုလ် သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်က တရားဝင်ထုတ်ပြန်လိုက်သည့် “QS World University Rankings (WUR) 2027” ကမ္ဘာ့တက္ကသိုလ်များအဆင့်သတ်မှတ်ချက်တွင် အာဆီယံ (ASEAN) ဒေသတွင်း ထိပ်တန်းတက္ကသိုလ် ၁၀ ခုစာရင်း၌ ထိုင်းနိုင်ငံမှ တစ်ခုတည်းသော တက္ကသိုလ်အဖြစ် ပါဝင်ဖော်ပြခြင်းခံခဲ့ရပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ်သည် ထိုင်းနိုင်ငံ၏ အကောင်းဆုံးတက္ကသိုလ်အဖြစ် ၁၈ နှစ်ဆက်တိုက် တိုင်တိုင် စံချိန်တင်ရပ်တည်နိုင်ခဲ့သည်။တစ်ကမ္ဘာလုံးရှိ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းပေါင်း ၁,၅၀၀ ကျော်ကို စစ်ဆေးခဲ့သည့်အနက် ကမ္ဘာ့အဆင့် ၂၁၂ နေရာတွင် ရပ်တည်နေသည်။အဖွဲ့အစည်း၏ ပညာရေးဆိုင်ရာဂုဏ်သတင်း (Academic Reputation) နှင့် ကျောင်းဆင်းများ၏ အလုပ်အကိုင်အခွင့်အလမ်း ရလဒ်များ (Employment Outcomes) ကဏ္ဍတို့တွင် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်း၌ ပါဝင်ခဲ့သည်။

QS WUR 2027 သည် တက္ကသိုလ်များကို အောက်ပါအချက်များအပေါ် အခြေခံ၍ အလေးသာမှုပေးကာ စနစ်တကျ အကဲဖြတ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် ချူလာလောင်ကွန်းတက္ကသိုလ်သည် ပညာရေးဂုဏ်သတင်း (Academic Reputation)၊ ရေရှည်တည်တံ့ခိုင်မြဲမှု (Sustainability)၊ နိုင်ငံတကာသုတေသနကွန်ရက် (International Research Network) နှင့် ဆရာ/ကျောင်းသား အချိုးအစား (Faculty Student Ratio) တို့တွင် ရမှတ်များ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။

ဆရာတစ်ဦးချင်းစီ၏ သုတေသနကိုးကားချက်များ (Citations per Faculty)၊ အလုပ်ရှင်များ၏ အသိအမှတ်ပြုမှု (Employer Reputation) နှင့် နိုင်ငံတကာဆရာ/ကျောင်းသား အချိုးအစား (International Faculty/Student Ratio) တို့ကိုလည်း ထည့်သွင်းတွက်ချက်ထားသည်။

ဤရလဒ်သည် ချူလာလောင်ကွန်းတက္ကသိုလ်၏ နိုင်ငံတကာအဆင့်မီ သုတေသနဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့အဆင့်အသိအမှတ်ပြု အရည်အသွေးမြင့် ကျောင်းဆင်းများကို ပြုစုပျိုးထောင်ပေးနိုင်သည့် ကတိကဝတ်ကို ထင်ဟပ်ပေါ်လွင်စေခြင်း ဖြစ်ပါတယ်။

Source;NBTWorld