အင်ဒိုနီးရှားနိုင်ငံ၊ ဟာမာဟီရာ (Halmahera) ကျွန်းအနီးတွင် ဇူလိုင်လ ၃ ရက် (ယနေ့) နံနက်က အင်အားရစ်ခ်ျတာစကေး ၆.၂ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ထိုင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (TMD) ၏ ငလျင်စောင့်ကြည့်ရေးဌာနက အရေးပေါ် ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် ၁.၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၂၇.၄၈ ဒီဂရီ၊ မြေအောက်အနက် ၁၁၉ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့မြေငလျင်နှင့် မီးတောင်အများဆုံးလှုပ်ရှားရာ “ပစိဖိတ်မီးကွင်းဒေသ” (Pacific Ring of Fire) ပေါ်တွင် တည်ရှိပြီး၊ ယခုလှုပ်ခတ်ခဲ့သည့် ဟာမာဟီရာဒေသသည်လည်း ရှုပ်ထွေးသော ကမ္ဘာ့မြေပေါ်ပြတ်ရွေ့ကြောများပေါ်တွင် တည်ရှိသဖြင့် ငလျင်ဒဏ် မကြာခဏ ခံရလေ့ရှိသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ဗဟိုချက်သည် ထိုင်းနိုင်ငံ၏ အရှေ့တောင်ဘက် ကီလိုမီတာ ၃,၂၅၀ ခန့်အကွာတွင် ရှိနေခြင်းကြောင့် “ထိုင်းနိုင်ငံအပေါ် တစ်စုံတစ်ရာ သက်ရောက်မှုမရှိကြောင်း” TMD က အတည်ပြုချက် ထုတ်ပြန်ထားသည်။
သို့သော်လည်း အင်အား ၆.၀ နှင့်အထက်ရှိသော ငလျင်များသည် အရှေ့တောင်အာရှနိုင်ငံများအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးစနစ်များကို အမြဲမပြတ်အသင့်ပြင်ထားရန် သတိပေးခေါင်းလောင်းတစ်ခု ဖြစ်သည်။
ပြည်သူများအနေဖြင့် လျင်မြန်စွာပြောင်းလဲနေသော သတင်းအချက်အလက်များကို ယုံကြည်စိတ်ချရသော အစိုးရသတင်းဌာနများနှင့် ထိုင်းမိုးဇလ၏ ငလျင်စောင့်ကြည့်ရေး ဝက်ဘ်ဆိုက်များတွင် ၂၄ နာရီပတ်လုံး ဝင်ရောက်စောင့်ကြည့်နိုင်ပါတယ်။
Source;The Nation
#Mingalarnews #HalmaheraEarthquake2026 #IndonesiaEarthquake #TMDThailand
