ထိုင်းပို့ဆောင်ရေးဝန်ကြီးဌာနက ဘတ် ၂၂၉ ဘီလီယံကျော် တန်ဖိုးရှိ စီမံကိန်းကြီး ၂၀ ကို အစိုးရအဖွဲ့ထံ တင်ပြအတည်ပြုချက်ရယူမည်

ထိုင်းပို့ဆောင်ရေးဝန်ကြီး ပိဖတ် က ၂၀၂၇ ခုနှစ်တွင် အကောင်အထည်ဖော်မည့် ကုန်း၊ ရေ၊ လေ၊ ရထား ပို့ဆောင်ရေးကဏ္ဍစုံ စီမံကိန်းကြီး ၂၀ (စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ဘတ် ၂၂၉.၇၆၉ ဘီလီယံ) ကို အစိုးရအဖွဲ့ (Cabinet) ထံ အတည်ပြုချက်ရယူရန် ပြင်ဆင်နေပါတယ်။

ဘန်ကောက်မြို့ပတ်လမ်းအမှတ် ၃ (အရှေ့ဘက်ခြမ်း)၊ သုဝဏ္ဏဘူမိလေဆိပ်အမြန်လမ်း၊ ဖူးခက်အမြန်လမ်းအဆင့် ၂၊ ချင်းမိုင်လေဆိပ်အဆင့် ၁၊ ဖူးခက်လေဆိပ်အဆင့် ၂ နှင့် ကိုစမွေ စည်းစိမ်ခံသင်္ဘောဆိပ်ကမ်းစီမံကိန်းများ။

ဘန်ကောက် MRT လိုင်းပြာ (ခေးရိုင်း-လမ်းဆာလီ) နှင့် တောင်ပိုင်းလမ်း double-track ရထားလမ်းများ။ (လိုင်းနီနှင့် လိုင်းခရမ်းတို့၏ ၄၀ ဘတ်တန် Flat-fare စနစ်ကို ၂၀၂၇ ခုနှစ် အောက်တိုဘာလအထိ သက်တမ်းတိုးပေးမည်)

မြို့ပြရထားလိုင်းအားလုံးတွင် EMV နည်းပညာသုံး ကတ်ပြားတစ်ခုတည်း (Common-ticket) ဖြင့် စီးနိုင်မည့်စနစ်ကို ၂၀၂၇ နှစ်သစ်ကူးတွင် မိတ်ဆက်မည်။ ခရီးစဉ်တစ်ခုလျှင် ၁၇ ဘတ်မှ ၄၅ ဘတ်အထိ သတ်မှတ်မည်ဖြစ်ပြီး၊ ၂၀၂၇ ခုနှစ်လယ်တွင် ဘတ်စ်ကားနှင့် သင်္ဘောလိုင်းများအထိ တိုးချဲ့မည်။

၂၀၂၇ မတ်လမှ ဇွန်လအတွင်း ဘတ်စ်ကားသစ်များ ရောက်ရှိလာပါက ရထားဘူတာများနှင့် တိုက်ရိုက်ချိတ်ဆက်မည့် လမ်းကြောင်းသစ်များ ပြန်လည်ရေးဆွဲမည်။

Source;The Nation