နခွန်းစဝမ်တွင် တရားမဝင်် မြန်မာလုပ်သား ၁၄ ဦးနှင့် ထိုင်းယာဉ်မောင်း ၂ ဦးတို့အား အဝေးပြေးရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းအဝေးပြေး ရဲတပ်ဖွဲ နှင့် လဝက ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဩဂုတ် ၁၁ ရက် ညဉ့်နက်ပိုင်းက လမ်းကြောင်းအမှတ် ၁၁ ပေါ်တွင် စောင့်ဆိုင်းစစ်ဆေးခဲ့ရာ တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သားများကို တင်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးအား တားဆီးနိုင်ခဲ့ပြီး လူပေါင်း ၁၆ ဦးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။
ဩဂုတ် ၁၂ ရက် နံနက် ၁:၁၀ နာရီခန့်တွင် နခွန်းစဝမ်ခရိုင်၊ တာခလီ (Takhli) မြို့နယ်၊ Highway 11 (ကီလိုမီတာ ၁၃) ၌ အရှိန်ပြင်းစွာ မောင်းနှင်လာပြီး ကားနောက်ပိုင်း နိမ့်ကျနေသည့် မသင်္ကာဖွယ် မော်တော်ယာဉ် ၂ စီးအား ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ပထမကားပေါ်တွင် ယာဉ်မောင်း ၁ ဦးနှင့် မြန်မာလုပ်သား ၁၁ ဦး၊ ဒုတိယကားပေါ်တွင် ယာဉ်မောင်း ၁ ဦးနှင့် မြန်မာလုပ်သား ၃ ဦး (စုစုပေါင်း ၁၆ ဦး) ကို တွေ့ရှိခဲ့ပြီး မြန်မာလုပ်သားများထံ၌ တရားဝင် နိုင်ငံကူးလက်မှတ် သို့မဟုတ် ခရီးသွားလာခွင့် အထောက်အထားများ လုံးဝ မပါရှိပါ။
နခွန်းစဝမ်ခရိုင်၊ တာ့ဖာ မြို့နယ်ရှိ တောစပ်တစ်ခုမှ လုပ်သားများကို တင်ဆောင်ကာ စမွတ်ပရာကန် နှင့် စမွတ်ဆာခွန် ခရိုင်များသို့ သွားရောက်ပို့ဆောင်ရန် တစ်ဦးလျှင် ဘတ် ၉၀၀ မှ ၁,၅၀၀ အထိ (စုစုပေါင်း ဘတ် ၁၅,၀၀၀ ခန့်) ရရှိကြောင်း ထွက်ဆိုခဲ့သည်။
ဖမ်းဆီးရမိသူများ အားလုံးကို ဥပဒေအတိုင်း အရေးယူနိုင်ရန် တာခလီ (Takhli) ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားသည်။
တရားမဝင် ရွှေ့ပြောင်းလုပ်သား ပို့ဆောင်သည့် ခဝဲချံကွန်ယှက်များကို ပြည်တွင်းဒေသများသို့ မရောက်ရှိမီ လမ်းခုလတ်၌ပင် ဆက်လက် နှိမ်နင်းသွားမည်ဖြစ်ကြောင်းနှင့် လမ်းမကြီးများပေါ်၌ မသင်္ကာဖွယ်ရာများကို တွေ့ရှိပါက ၁၁၉၃ (Hotline) သို့ ၂၄ နာရီပတ်လုံး သတင်းပေးပို့နိုင်ကြောင်း အသိပေးထားသည်။

Source;ตำรวจทางหลวง