နယူးဒေလီ၊ ဩဂုတ် ၁၃ (၂၀၂၆) – လွန်ခဲ့သည့် သီတင်းပတ်အတွင်း ဖူးခက်မှ ဒေလီသို့ ပျံသန်းစဉ် လေယာဉ်အမြင့်ပေ ၃၀၀ ခန့် ရုတ်တရက် ထိုးဆင်းသွားခဲ့သည့် Air India လေကြောင်းလိုင်း၏ လေယာဉ်မှူးကြီးအား ဓာတ်ခွဲခန်း၌ ဒုတိယအကြိမ် မူးယစ်ဆေးဝါး ထပ်မံစစ်ဆေးရာ မာရီဝါနား (ဆေးခြောက်) သုံးစွဲထားကြောင်း အတည်ပြုတွေ့ရှိခဲ့သည်ဟု အိန္ဒိယ သတင်းမီဒီယာများက ထုတ်ပြန်လိုက်ပါတယ်ဗျာ။
ဩဂုတ် ၄ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှ ထွက်ခွာလာသည့် ခရီးသည် ၁၃၇ ဦးနှင့် လေယာဉ်အဖွဲ့သား ၈ ဦး လိုက်ပါလာသော Airbus A320neo လေယာဉ်သည် အိန္ဒိယနိုင်ငံ၊ ဩဒိရှ (Odisha) ပြည်နယ် အထက်ကောင်းကင်ယံ၌ အမြင့်ပေ ရုတ်တရက် ထိုးဆင်းသွားခဲ့သဖြင့် ခရီးသည် ၁၃ ဦးနှင့် လေယာဉ်အဖွဲ့သား ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ လေယာဉ်မှာ ဒေလီသို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
စတင်စစ်ဆေးချိန်၌ ပထမအကြိမ် ဆေးစစ်ချက် မသင်္ကာဖွယ် တွေ့ရှိခဲ့ရသဖြင့် ဓာတ်ခွဲခန်းသို့ ပို့ဆောင်ကာ ဒုတိယအကြိမ် အတည်ပြု စစ်ဆေးခဲ့ရာ လေယာဉ်မှူးကြီးသည် မာရီဝါနား ရှူရှိုက်ထားကြောင်း (NDTV အပါအဝင်) သတင်းမီဒီယာများက ဖော်ပြခဲ့သည်။
အိန္ဒိယ မြို့ပြလေကြောင်း ဝန်ကြီးဌာနက အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ Air India ၏ CEO ဖြစ်သူ Campbell Wilson အား အရေးပေါ် ဆင့်ခေါ် စိစစ်မေးမြန်းလျက် ရှိသည်။
Source;Bangkok Post
