ဘန်ကောက်မြို့၊ ဘန်ဂျဘန်ဂျာဆီရီ ပန်းခြံအတွင်း သူငယ်ချင်းဖြစ်သူကို ရေထဲပစ်ချ သတ်ဖြတ်သူအား ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ
ဘန်ကောက်မြို့၊ ဘန်ဂျာဆီရီ ပန်းခြံ (Benjasiri Park) ရေကန်အတွင်း အမျိုးသားတစ်ဦး ရန်ဖြစ်ပြီး ရေထဲသို့ ပစ်ချခံရ၍ သေဆုံးသွားသည့် ဖြစ်စဉ်တွင် ပါဝင်သူ ထဝီးဆက်ဖန်ငမ် (Thaweesak Phanngam) အမည်ရှိ အမျိုးသားအား သောင်လော်ရဲစခန်းက တမင်တကာ လူသတ်မှုဖြင့် ဖမ်းဆီးလိုက်ပြီး ရမန်ယူရန် တရားရုံးသို့ ပို့ဆောင်လိုက်ပါတယ်။
တရားခံ ထဝီးဆက်က ၎င်းတို့နှစ်ဦး အငြင်းပွားခဲ့ကြသည်မှာ မှန်သော်လည်း သေဆုံးသူမှာ သတိလစ်သွားခြင်း မရှိဘ စိတ်ဂယောက်ဂယက် ဖြစ်နေ၍ ထိန်းမရသဖြင့် အေးဆေးငြိမ်သက်သွားစေရန် ရေထဲသို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များကို ထွက်ဆိုခဲ့သည်။
ပန်းခြံ လုံခြုံရေးများ၏ ပြောကြားချက်အရ ၎င်းတို့နှစ်ဦးသည် ပန်းခြံဝန်းကျင်တွင် အတူတကွ အိပ်စက်ကြသည်မှာ ၃ ပတ်မှ ၄ ပတ်ခန့် ရှိပြီဖြစ်ပြီး ပုံမှန်အားဖြင့် အတူတကွ တောင်းရမ်းစားသောက်သူ ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။
သေဆုံးသူသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပန်းခြံအတွင်း၌ အဝတ်ဗလာကျင်းမှု/မလျော်ကန်သည့် ပြုမူဆောင်ရွက်မှု ၃ ကြိမ်ခန့် ပြုလုပ်ခဲ့ဖူးကြောင်း ပန်းခြံလုံခြုံရေးများက ဆိုသည်။
ရဲတပ်ဖွဲ့သည် တရားခံအား ဩဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် ဘန်ကောက်တောင်ပိုင်း ပြစ်မှုဆိုင်ရာတရားရုံးသို့ ပို့ဆောင်ကာ ရမန်ယူထားပြီး၊ အာမခံပေးရန် ကန့်ကွက်ထားသည်။ သေဆုံးသူ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် သေဆုံးရသည့် တိကျသည့် အကြောင်းအရင်းကို ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။
Source;Khaosodာဆီရီ ပန်းခြံ (Benjasiri Park) ရေကန်အတွင်း အမျိုးသားတစ်ဦး ရန်ဖြစ်ပြီး ရေထဲသို့ ပစ်ချခံရ၍ သေဆုံးသွားသည့် ဖြစ်စဉ်တွင် ပါဝင်သူ ထဝီးဆက်ဖန်ငမ် (Thaweesak Phanngam) အမည်ရှိ အမျိုးသားအား သောင်လော်ရဲစခန်းက တမင်တကာ လူသတ်မှုဖြင့် ဖမ်းဆီးလိုက်ပြီး ရမန်ယူရန် တရားရုံးသို့ ပို့ဆောင်လိုက်ပါတယ်။

Source;Khaosod