ထိုင်းနိုင်ငံ၊ ဘုရင်မကြီး သီရိခေတ် (Queen Sirikit, the Queen Mother) ၏ တော်ဝင်မီးသင်္ဂြိုဟ်ခြင်း အခမ်းအနား အစီအစဉ်များကို လာမည့် ဒီဇင်ဘာ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ဘန်ကောက်မြို့၊ စနမ်လွမ် (Sanam Luang) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
ဝန်ကြီးချုပ်ရုံး ဝန်ကြီး Supamas Isarabhakdi အမှူးပြုသော ပြင်ဆင်ရေးကော်မတီ အစည်းအဝေးမှ အတည်ပြုခဲ့သည့် ၅ ရက်တာ အခမ်းအနား အစီအစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဒီဇင်ဘာ ၁၅ ရက်: မီးသင်္ဂြိုဟ်ခြင်း မပြုမီ တော်ဝင် ကုသိုလ်တော်ပြု အခမ်းအနားကို စတင်ကျင်းပမည်။
ဒီဇင်ဘာ ၁၆ ရက် (မီးသင်္ဂြိုဟ်သည့်နေ့): တော်ဝင်ဂူဗိမာန်/အုတ်ဂူတော် (Royal Urn) ကို Sanam Luang ရှိ တော်ဝင်မီးသင်္ဂြိုဟ်စက်ရုံသို့ ပင့်ဆောင်၍ မီးသင်္ဂြိုဟ်ခြင်း အခမ်းအနား ပြုလုပ်မည်။
ဒီဇင်ဘာ ၁၇ ရက်: တော်ဝင် အရိုးပြာတော်များကို သိမ်းဆည်းကာ မြမုနိ ရုပ်ပွားတော်မြတ် စိန်းတိုင် (Temple of the Emerald Buddha) သို့ ပင့်ဆောင်မည်။
ဒီဇင်ဘာ ၁၈ ရက်: တော်ဝင် အရိုးပြာတော်များအတွက် ကုသိုလ်တော်ပြု အခမ်းအနား ဆက်လက် ကျင်းပမည်။
ဒီဇင်ဘာ ၁၉ ရက်: တော်ဝင် အရိုးပြာတော်များ ထည့်သွင်းထားသည့် ဂူဗိမာန်ကို Chakri Maha Prasat Throne Hall သို့ ပင့်ဆောင် စိုက်ထူမည်ဖြစ်ပြီး၊ တော်ဝင် ဓာတ်တော်များကို Wat Ratchabophit Sathit Maha Simaram နှင့် Wat Bowonniwet Vihara ကျောင်းတော်တို့တွင် ဌာပနာ သွင်းလှူပူဇော်သွားမည်ဖြစ်သည်။
ဝန်ကြီး Supamas က အောက်တိုဘာလမှစ၍ အခမ်းအနား ပြီးဆုံးသည်အထိ နောက်ဆုံး ၃ လတာ ပြင်ဆင်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
“ဒီ တော်ဝင် အခမ်းအနားတွေဟာ ထိုင်းပြည်သူတွေအတွက် အလွန် အရေးပါပါတယ်။ မယ်တော်ကြီး၏ အတုမရှိ အေးရိပ်ကရုဏာတော်တွေနဲ့အတူ ထိုင်းယဉ်ကျေးမှု၊ အနုပညာ၊ ရှေးဟောင်း တော်ဝင် ဓလေ့ထုံးတမ်း အနုလက်ရာတွေကို ကမ္ဘာက သိအောင် အကဏ္ဍပေါင်းစုံက ပူးပေါင်း ဖော်ထုတ်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ဝန်ကြီး Supamas က ဆိုသည်။
Source;ThaiPBS
