ဘန်ကောက်ရှိ ဒုတိယလက်စွဲ အထည်ဆိုင်မှ မြန်မာဝန်ထမ်းအား လူမှုကွန်ရက် ပို့စ်တစ်ခုကြောင့် အလုပ်မှ ထုတ်ပယ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဒုတိယလက်စွဲ အထည်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုသည် လူမှုကွန်ရက်ပေါ်တွင် အဆင့်မြင့် အရာရှိကြီးတစ်ဦး၏ ပုံရိပ်ကို အောက်တန်းကျစွာ ပြုပြင် (Edit) ၍ တင်ခဲ့သည်ဆိုသော မြန်မာဝန်ထမ်းတစ်ဦးအား လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ကျယ်ပြန့်စွာ ထွက်ပေါ်လာပြီးနောက် အလုပ်မှ ချက်ချင်း ထုတ်ပယ်လိုက်ပါတယ်။

ထွက်ရှိလာတော့မည့် ထိုင်းရုပ်သံဇာတ်လမ်းတွဲ “Scarlet Heart Thailand” တွင် အသုံးပြုထားသည့် အမျိုးသားဝတ်စုံနှင့် အသုံးအဆောင်များနှင့် ပတ်သက်၍ အချို့သော မြန်မာကြည့်ရှုသူများအကြား ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ယခု ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၆ ရက်တွင် TY Store ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ရာ၌ အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အဆိုပါ မြန်မာဝန်ထမ်းသည် ကုမ္ပဏီ၏ ကျင့်ဝတ်စံနှုန်းများနှင့် လုပ်ငန်းခွင် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါ ဝန်ထမ်းအား အလုပ်မှ ချက်ချင်း အပြီးသတ် ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်းနှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွက် အလွန်ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါကြောင်း ကုမ္ပဏီဘက်မှ သတင်းထုတ်ပြန်ထားပါတယ်။

Source;Khaosod