AGT 2026 ပြိုင်ပွဲတွင် ထိုင်းမလေး Nene Royal ပထမဆုံးအဖြစ် ဗိုလ်စွဲကာ ဒေါ်လာ ၁ သန်း ဆွတ်ခူး

ထိုင်းနိုင်ငံ၊ ဖူးခက်မှ အသက် ၁၆ နှစ်အရွယ် ရော့ခ်အဆိုတော်နှင့် ဂစ်တာသမား မလေး Nene Royal (Rattikan “Praew” Amloy) သည် America’s Got Talent (Season 21) ပြိုင်ပွဲကြီးတွင် သမိုင်းတစ်လျှောက် ပထမဦးဆုံးသော ထိုင်းနိုင်ငံသား ချန်ပီယံအဖြစ် ဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၁ သန်း (US$ 1 Million) ဆုကြေးကို ဆွတ်ခူးသွားခဲ့ပါတယ်။

အသက် ၇ နှစ်အရွယ်ကတည်းက ဂစ်တာစတင်တီးခတ်ခဲ့ပြီး မိသားစု၏ ကူညီမှုဖြင့် ဖူးခက်ရှိ ညစျေးများနှင့် လမ်းဘေးများတွင် သီချင်းဆို ဂစ်တာတီးကာ ပရိသတ်ဆွဲဆောင်ခဲ့သူဖြစ်သည်။

Audition တွင် “Zombie” သီချင်းဖြင့် ဒိုင် ၄ ဦးလုံး၏ “Yes” ကို ရရှိခဲ့သည်။ ထို့နောက် Judges’ Callbacks အဆင့်တွင် “Hysteria” သီချင်းဖြင့် ယှဉ်ပြိုင်ခဲ့ရာ ဒိုင် Mel B က Live Golden Buzzer နှိပ်ပေးခဲ့သဖြင့် ဖိုင်နယ် (Final) သို့ တိုက်ရိုက် တက်ရောက်ခွင့် ရရှိခဲ့သည်။

ဖိုင်နယ်တွင် The White Stripes အဖွဲ့၏ “Seven Nation Army” သီချင်းကို အနီရောင် ရော့ခ်ဝတ်စုံဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ အနီရောင်ဝတ်စုံမှာ ဘန်ကောက်ရှိ Baan Krua ရိုးရာ ပိုးထည်အထည်စဖြင့် ဖန်တီးပေးထားခြင်းဖြစ်သည်။

ဖိုင်နယ်ပွဲစဉ်တွင် အထူးဧည့်သည်တော်အဖြစ် ရောက်ရှိလာသည့် ကမ္ဘာကျော် ရော့ခ်အဖွဲ့ Linkin Park နှင့်တွေ့ဆုံကာ ဂစ်တာတီး၍ ဓာတ်ပုံရိုက်ကူးခွင့် ရရှိခဲ့သည်။

Source;Thaiger