ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဘန်ကောက်တွင် “Bashi” အမှတ်တံဆိပ် ဝိတ်ချဆေးသောက်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့မှုကြောင့် ရဲတပ်ဖွဲ့က နောက်ကြောင်းလိုက် စုံစမ်းရာမှတစ်ဆင့် ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် နွန်ထဘူရီရှိ တရားမဝင် ဝိတ်ချဆေးစက်ရုံနှင့် ဖြန့်ဖြူးရေးဂိုဒေါင်တို့ကို ဝင်ရောက်စီးနင်းနိုင်ခဲ့ပါတယ်။ ဘန်ယိုင်မြို့နယ်ရှိ စက်ရုံကို ရှာဖွေရာတွင် ချက်လုပ်သည့် ဓာတုပစ္စည်းများ၊ […]
Author: Mingalar News
ထိုင်းနိုင်ငံတွင် တရားဝင်ဇနီးသည် ဖောက််ပြန်နေသည့် လင်နှင့်ငယ်လင်မယားကို အခန်းတံခါးဖျက်စီးပြီး လက်ပူးလက်ကျပ်ဖမ်းမိ
စက်မှုဇုန်တစ်ခုတွင် အလုပ်လုပ်နေပြီး ခင်ပွန်းဖြစ်သူ မစ္စတာဘောလ် နှင့် တရားဝင်လက်ထပ်စာချုပ်ဖြင့် အိမ်ထောင်ရေးကို တည်ဆောက်ထားသည့် အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူအပေါ် မသင်္ကာစိတ်ဝင်လာသဖြင့် နောက်ကြောင်းလိုက်ရာမှတစ်ဆင့် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်ဆိုးနှင့် ထိပ်တိုက်တိုးခဲ့ရပါတယ်။ အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ သွားရောက်ပျော်ပါးနေသည့် နေရာကို စုံစမ်းသိရှိရပြီးနောက် မဆိုင်းမတွဘဲ အခန်းတံခါးကို တွန်းဖျက်ကာ ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် […]
ရနောင်း-ကော့သောင်း လမ်းကြောင်းမှတစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၁၂ ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက် (ယနေ့) နံနက် ၁၁:၃၀ နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ ရနောင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် မြန်မာအာဏာပိုင်များ ပူးပေါင်းကာ ရနောင်းပြည်နယ်အတွင်း ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၁၂ ဦးကို ရနောင်း-ကော့သောင်း ရေလမ်းကြောင်းမှတစ်ဆင့် နေရပ်မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း […]
ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် နှစ်ပေါင်း ၂,၀၀၀ ဝန်းကျင်ရှိ ရှေးဟောင်းရွှေလက်စွပ်နှစ်ကွင်း တူးဖော်တွေ့ရှိ
ထိုင်းနိုင်ငံ၊ ဖက်ချာပူရီ (Phetchaburi) ပြည်နယ်ရှိ ဒွန်ယိုင်ထောင် ရှေးဟောင်းသုတေသနနယ်မြေသစ်တွင် အသက် ၂,၀၀၀ ခန့်ရှိပြီဖြစ်သော ရှေးဟောင်းရွှေလက်စွပ် နှစ်ကွင်းကို လူသေအရိုးစုများနှင့်အတူ တူးဖော်တွေ့ရှိခဲ့ကြောင်း ထိုင်းအစိုးရ၏ အနုပညာဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ တွေ့ရှိရသည့် ရွှေလက်စွပ်တစ်ကွင်းပေါ်တွင် ရှေးဟောင်းအိန္ဒိယစာအရေးအသားစနစ်ဖြစ်သော “ဗြာဟ္မီအက္ခရာ” (Brahmi script) ဖြင့် ထွင်းထုထားသည်။ ၎င်းစာတန်းမှာ […]
Typhoon Maysak ကြောင့် တရုတ်တောင်ပိုင်းတွင် ဆည်များကျိုးပေါက်ကာ ရေကြီး၊ လူရာပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်းရ
Typhoon Maysak ၏ ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (Guangxi) ဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ဆည်များကျိုးပေါက်ခဲ့ရာ၊ ဇူလိုင်လ ၆ ရက်နေ့တွင် အာဏာပိုင်များက ရေဘေးသတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ကာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရပါတယ်။ ကွမ်ရှီးဒေသ၏ မြို့တော် နန်နင်းရှိ လျူလန် (Liulan) နှင့် […]
ကမ္ဘာကျော် ရေမြင်းပုလေး “မူးဒန်း” (Moo Deng) ၂ နှစ်ပြည့်မွေးနေ့နှင့် Hippo Village အသစ်ဖွင့်ပွဲ ကျင်းပမည်
ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်ရှိ Khao Kheow Open Zoo သည် ကမ္ဘာကျော် စူပါစတား ရေမြင်းပုလေး “မူးဒန်း” ၏ ၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် “Moo Deng HAPPY Deng DAY”ပွဲတော်ကို ဇူလိုင်လ ၁၀ ရက်မှ ၁၂ ရက်အထိ […]
ဘန်ကောက်၏ အချက်အချာမြေတွင် ဘတ် ၁၁ ဘီလီယံတန် ‘CenTRal cENtrAL’ မဟာစီမံကိန်းကြီး စတင်ရန် Central Pattana နှင့် ဂျပန်ကုမ္ပဏီ ပူးပေါင်း
ထိုင်းနိုင်ငံ၏ ထိပ်တန်း အိမ်ခြံမြေနှင့် လက်လီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ Central Pattana (CPN) သည် ရာစုနှစ်တစ်ခုကျော် သက်တမ်းရှိ ဂျပန်နိုင်ငံ၏ မြို့ပြဖွံ့ဖြိုးရေးကုမ္ပဏီကြီး Mitsubishi Estate နှင့် ပူးပေါင်းကာ ဗန်ကောက်မြို့၊ ဆိုင်ယမ်စကွဲယား (Siam Square) ရှိ ပထုမ်ဝမ်လမ်းဆုံ (Pathum Wan intersection) […]
ထိုင်းနိုင်ငံတွင် မကျိုချက်ထားသည့် ငပိရည်ကြောင့် ကင်ဆာဖြစ်နိုင်သဖြင့် သင်္ဘောသီးထောင်းဆိုင်များကို လိုက်လံစစ်ဆေးမည်
ထိုင်းနိုင်ငံ၊ Mahasarakham ပြည်နယ်ရှိ Mahasarakhamတက္ကသိုလ်မှ ကျောင်းသားသစ် ၄,၀၀၀ ကျော်တွင် အသည်းတွင်းသန်ကောင် ကူးစက်ပိုး စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် လူငယ်များအကြိုက် စားလေ့ရှိသည့် သင်္ဘောသီးထောင်းဆိုင်များရှိ ငပိရည်များကို ကွင်းဆင်းစစ်ဆေးရန် ပြည်နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်ပါတယ်။ ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ကူးစက်ရောဂါထိန်းချုပ်ရေးဌာန၏ တင်ပြချက်အရ ကျောင်းသားလူငယ်များအကြား […]
၅၀ ဘတ် အမြန်လမ်းကြေးကြောင့် ထိုင်းဒရိုင်ဘာကို မြန်မာခရီးသည် ၅ ဦး ဝိုင်းရိုက်လို့ မျက်စိတစ်ဖက် ကွယ်ခဲ့ရ
အသက် ၆၁ နှစ်အရွယ် ထိုင်းအွန်လိုင်းတက္ကစီ (Ride-hailing) ဒရိုင်ဘာတစ်ဦးသည် အမြန်လမ်းဖြတ်သန်းခ ၅၀ ဘတ် ပိုပေးရန် ငြင်းဆန်သည့် မြန်မာခရီးသည် ၅ ဦး၏ အပြင်းအထန် ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရသဖြင့် ညာဘက်မျက်စိတစ်ဖက် အပြီးတိုင်ကွယ်သွားခဲ့ရပြီး၊ ဖြစ်ပွားပြီး ၃ လနီးပါးကြာသည်အထိ ရဲတပ်ဖွဲ့ဘက်မှ အမှုတိုးတက်မှုမရှိ၍ တရားမျှတမှုရရှိရန် […]
ရနောင်းတွင် ရည်းစားဟောင်း၏ ပြန်ပေးဆွဲရိုက်နှက်မှုမှ အမျိုးသမီးတစ်ဦး ဆီဆိုင်ဝန်ထမ်းအကူအညီဖြင့် ထွက်ပြေးလွတ်မြောက်
ထိုင်းနိုင်ငံ၊ ရနောင်း (Ranong) ပြည်နယ်၊ ဘန်ရင် (Bang Rin) တိုက်နယ်ရှိ စက်သုံးဆီဆိုင်တစ်ခုတွင် ဇူလိုင်လ ၄ ရက် (စနွေနေ့) သန်းခေါင်ယံအချိန်က ရည်းစားဟောင်းဖြစ်သူ၏ ပြန်ပေးဆွဲကာ နှိပ်စက်ညှင်းပန်းမှုမှ ထွက်ပြေးလာသည့် အသက် ၃၄ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးအား ဆီဆိုင်ဝန်ထမ်းများက ရဲစခန်းသို့ အကြောင်းကြားပြီး […]
