နန်းတွင်းအလေ့အထမှသည် ခေတ်မီမြို့ပြအထိ – ထိုင်းလူမျိုးများ သကြားကြိုက်လာရသည့် သမိုင်းကြောင်း

ထိုင်းဟင်းလျာများနှင့် အချိုပွဲများတွင် သကြားဓာတ် အဓိကပါဝင်နေပြီး ထိုင်းလူမျိုးများ သကြားကြိုက်နှစ်သက်သည့် အလေ့အထသည် နှစ်ပေါင်း ရာစုနှစ်ပေါင်းများစွာကတည်းက စတင်ခဲ့သည့် သမိုင်းဝင် လူမှုအဆင့်အတန်းနှင့် စီးပွားရေး ပေါ်လစီများ၏ အကျိုးဆက်ဖြစ်ပါတယ်။
၁၇ ရာစု အယုဒ္ဓယခေတ်တွင် မာရီဂွီမာ (Marie Guimar) က ပေါ်တူဂီစတိုင် သကြားပါသော အချိုပွဲများကို စတင်မိတ်ဆက်ခဲ့သည်။ ၁၉ ရာစုတွင် သကြားဖြူသည် စျေးကြီးသဖြင့် ဘုရင်နှင့် အထက်တန်းလွှာများသာ သုံးနိုင်ခဲ့ရာမှ သာမန်ပြည်သူများက နန်းတွင်းစတိုင်ကို တုပ၍ ဟင်းများထဲ သကြားထည့်ချက်လာကြသည်။
ဘန်ကောက်သို့ လူထုပြောင်းရွှေ့လာသောအခါ အချိုဓာတ်သည် ခေတ်မီမြို့ပြဟင်းလျာ၏ စံနှုန်းဖြစ်လာခဲ့သည်။ ထိုင်းလူမျိုးများသည် စိမ့်သည့်အချိုအတွက် သကြားဖြူ၊ မွှေးကြိုင်နက်ရှိုင်းသည့် အချိုအတွက် ထန်းသကြား/အုန်းသကြား စသည်ဖြင့် စနစ်တကျ ရွေးချယ်သုံးစွဲတတ်လာကြသည်။
၁၉၃၀ ပြည့်လွန်နှစ်များမှ စတင်၍ ထိုင်းအစိုးရက ပြည်တွင်း သကြားထုတ်လုပ်မှုကို ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ၁၉၆၀ ပြည့်လွန်နှစ်များတွင် သကြားထုတ်လုပ်မှု သိသိသာသာ မြင့်တက်လာခဲ့သည်။
သကြားဖြူကို ခေတ်မီပြီး သန့်ရှင်းသော ပါဝင်ပစ္စည်းအဖြစ် အစိုးရက မြှင့်တင်ပေးခဲ့သဖြင့် အိမ်ထောင်စုများသာမက အစားအသောက်၊ ဆော့စ်များနှင့် အချိုရည် စက်ရုံများပါ ကျယ်ပြန့်စွာ သုံးစွဲလာကြခြင်းဖြစ်သည်။

Source;The Nation