ထိုင်းအကောက်ခွန်ဦးစီးဌာနသည် နိုင်ငံတကာ အီးကွန်မတ်စ် (E-commerce) ပလပ်ဖောင်းများမှတစ်ဆင့် မှာယူတင်သွင်းလာသည့် ကုန်စည်ပစ္စည်းများအပေါ် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ၃၀% အထိ အကောက်ခွန် ကောက်ခံသွားရန်အစိုးရအဖွဲ့ (Cabinet) ၏ အတည်ပြုချက်ဖြင့် ပြင်ဆင်ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။
နှစ်စဉ် ဝင်ရောက်နေသည့် ပါဆယ်ထုပ် သန်း ၂၄၀ ခန့်အပေါ် ကုန်ပစ္စည်းတန်ဖိုး လိမ်လည်ကြေညာမှုများကို ထိန်းချုပ်ရန်နှင့် ပြည်တွင်း SME လုပ်ငန်းများကို ကာကွယ်ရန် လက်ရှိ အခွန်လျှော့ချ/ကင်းလွတ်ခွင့်များကို ရုပ်သိမ်းကာ စံနှုန်းထားအတိုင်း အများဆုံး ၃၀% အထိ ကောက်ခံမည် ဖြစ်သည်။
ပလတ်စတစ် ကုန်ပစ္စည်းများ (၁၉% မှ ၃၀%)၊ အလှဆင်ပစ္စည်းနှင့် တုပလက်ဝတ်ရတနာများ (အခွန်လွတ်မှ ၃၀%)၊ အိတ်များ (၂၀% မှ ၃၀%) နှင့် အားကစားပစ္စည်းများ (၁၀% မှ ၃၀%) သို့ တိုးမြှင့်မည်ဖြစ်ပြီး၊ အဝတ်အထည်များမှာ လက်ရှိ ၃၀% အတိုင်း ဆက်လက်ကောက်ခံမည် ဖြစ်သည်။
ဤမူဝါဒကြောင့် အကောက်ခွန် ဝင်ငွေမှာ ယခင် ဘတ် ၄.၈ ဘီလီယံမှ ဘတ် ၁၁ ဘီလီယံအထိ တိုးတက်ရရှိလာမည်ဖြစ်ပြီး၊ ယေဘုယျ ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မှုမှာ အလွန်နည်းပါးမည်ဟု ခန့်မှန်းထားပါတယ်။
Source;ThaiPBS
