ဘန်ကောက်မြို့၊ ဘိုရွမ်မရက်ချာချွန်နီ (Borommaratchachonni) အထက်စီး လမ်းမကြီးပေါ်တွင် အောက်တိုဘာ ၁၀ ရက် (စနေနေ့) ညပိုင်းက လမ်းဘေး အမှတ်အသား ဆေးလိုင်းဆွဲသည့် လုပ်ငန်းသုံး ကားတစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အလုပ်သမား ၅ ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ယင်းအနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။
အောက်တိုဘာ ၁၀ ရက် ည ၉:၀၀ နာရီခန့်တွင် သဝီဝတ်ထနာ (Thawi Watthana) မြို့နယ်၊ ဆာလာသမ္မဆော့ပ် (Sala Thammasop) ရပ်ကွက်ရှိ အထက်စီး လမ်းမကြီးပေါ်၌ ဟီနို (Hino) ၆ ဘီး ကားတစ်စီး မီးလောင်နေကြောင်း သတင်းရရှိသဖြင့် ကူးခန်လွိုင်းဖား (Khu Khan Loi Fa) ရဲစခန်းမှ တာဝန်ရှိသူများ၊ ဘန်ကောက် မီးသတ်အဖွဲ့နှင့် တွမ်ကထန်ယု ကယ်ဆယ်ရေး ဖောင်ဒေးရှင်းတို့ သွားရောက် ငြှိမ်းသတ်ခဲ့ကြသည်။
ကားပေါ်ပါလာသည့် လိမ္မော်ရောင် ယူနီဖောင်းဝတ် အလုပ်သမား ၅ ဦးစလုံး မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး၊ ၃ ဦးမှာ ပြင်းထန်ဒဏ်ရာနှင့် ၂ ဦးမှာ ဒဏ်ရာပေါ့ပါးကြသည်။ ဒဏ်ရာရရှိသူများကို ဆိရိရတ် ဆေးရုံ (Siriraj Hospital) နှင့် ရာချာဖိဖတ် ဆေးရုံ (Ratchaphipat Hospital) သို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။
အဆိုပါ ၆ ဘီးကားပေါ်တွင် ယာဉ်မောင်းအပါအဝင် အလုပ်သမား ၅ ဦး လိုက်ပါလာပြီး ပုံမှန် လုပ်ငန်းခွင်သို့ သွားရောက်စဉ် ကားနောက်ခန်းရှိ လမ်းဘေး အမှတ်အသား ဆေးလိုင်းဆွဲသည့် စက် (Road marking machine) ထံမှ မီးစတင်လောင်ကျွမ်းကြောင်း နောက်ခန်းမှ လုပ်ဖော်ကိုင်ဖက်များ၏ အော်ဟစ်သံကို ယာဉ်မောင်းက ကြားခဲ့ရသည်။
ယာဉ်မောင်းက ကားကို ချက်ချင်း ရပ်တန့်၍ ကူညီကယ်ဆယ်ခဲ့သော်လည်း မီးကူးစက်မှု မြန်ဆန်လှသဖြင့် အလုပ်သမား ၅ ဦးစလုံး မီးလောင်ဒဏ်ရာများ ရရှိသွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က မီးလောင်မှု စတင်ဖြစ်ပွားရသည့် အဓိက အကြောင်းရင်းကို အတည်ပြုနိုင်ရေးအတွက် စီစီတီဗီ (CCTV) မှတ်တမ်းများကို စိစစ်ပြီး သက်သေများကို ဆက်လက် စစ်ဆေးမေးမြန်းလျက် ရှိသည်။
Source;Thaiger
ကျွန်တော်တို့ Mingalar News ကိုအစဉ်အမြဲအားပေးနေသူများအနေနဲ့ Facebook နှင့် Tik Tok မှာသာမက Telegram နှင့် Viber မှာပါ သတင်းများကို အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါပြီခင်ဗျ။
Viber Link
Telegram Link
#Mingalarnews #ထိုင်းရောက်ရွှေမြန်မာ #BangkokTruckFire #Borommaratchachonni #RoadWorkersSafety #ThailandAccident #ThailandNews #ထိုင်းသတင်း #မှုခင်းနှင့်မတော်တဆ
