ဘန်ကောက် မက္ကဆန်စတေရှင်အနီး ရထားနှင့် ဘတ်စ်ကား တိုက်မိမှုဖြစ်ပွား

မတော်တဆမှုသည် ယနေ့မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် အဆုခ်-ဒင်ဒန်းလမ်း (Asok-Din Daeng Road) ပေါ်ရှိ ရာမာ ၉ လမ်းဆုံ (Rama IX intersection) နှင့် အဆုခ်-ဖက်ချ်ဘူရီလမ်းဆုံ (Asok-Phetchaburi intersection) ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

 အခင်းဖြစ်ပွားရာ အခြေအနေ

၁။ အစုလိုက်အပြုံလိုက် တိုက်မိမှု: မွန်းလွဲ ၃ နာရီ ၅၁ မိနစ်တွင် ကယ်ဆယ်ရေးအာဏာပိုင်များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာချိန်၌ ကုန်တင်ရထားသည် ဘတ်စ်ကားကိုသာမက လမ်းပေါ်ရှိ အခြားသော ကိုယ်ပိုင်ကားများနှင့် ဆိုင်ကယ်အမြောက်အမြားကိုပါ ဆွဲတိုက်မိထားကြောင်း တွေ့ရှိခဲ့ရပါတယ်။ 

၂။ မီးလောင်ကျွမ်းမှု: ပြင်းထန်သော ပွတ်တိုက်မှုအရှိန်ကြောင့် ဘတ်စ်ကားတစ်စီးလုံး မီးဟုန်းဟုန်းတောက် လောင်ကျွမ်းခဲ့ပြီး၊ ကားအတွင်းမှ ပေါက်ကွဲသံများလည်း အဆက်မပြတ် ထွက်ပေါ်ခဲ့ပါတယ်။ 

၃။ ထိခိုက်သေဆုံးမှု: လက်ရှိအချိန်အထိ လူ ၈ ဦး သေဆုံး ခဲ့ကြောင်း အတည်ပြုထားပြီး၊ ဒဏ်ရာရရှိသူ ၁၅ ဦးအနက် ၂ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာများ ရရှိထားကြပါတယ်ဗျာ။

ဒီမတော်တဆမှုကြောင့် အဆုခ်၊ ရာမာ ၉ နှင့် ဖက်ချ်ဘူရီ လမ်းမကြီးတစ်လျှောက်လုံးတွင် ယာဉ်ကြောပိတ်ဆို့မှုများ အလွန်အမင်း ဖြစ်ပေါ်နေပါတယ်။ အာဏာပိုင်များက မီးငြှိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရဆဲဖြစ်လို့ ဒေသခံများနှင့် ခရီးသွားများအနေဖြင့် ထိုလမ်းပိုင်းများကို ရှောင်ကွင်းမောင်းနှင်ကြရန် အကြံပြုထားပါတယ်ဗျ။

Source; The Nation