မိုးလေဝသအထူးသတိပေးချက် – ဇွန်လဆန်းတွင် မုတ်သုံလေ ပိုမိုအားကောင်းလာပြီး နေရာကွက်၍ အလွန်မိုးကြီးနိုင် (ဇွန် ၁ – ၇၊ ၂၀၂၆)

ဇွန်လ ၂ ရက်ကနေ ၇ ရက်အထိ ကပ္ပလီပင်လယ်၊ ထိုင်းနိုင်ငံနဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ အနောက်တောင်မုတ်သုံလေ အားကောင်းစွာ ဆက်လက်တိုက်ခတ်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာ မိုးဆက်တိုက်ရွာသွန်းပြီး အရှေ့ပိုင်းနဲ့ တောင်ပိုင်း (အနောက်ဘက်ကမ်းရိုးတန်း) တို့မှာ နေရာကွက်၍ အလွန်မိုးကြီးနိုင် တဲ့အတွက် အထူးသတိပြုကြဖို့ လိုအပ်ပါတယ်။

🌧️ ခြုံငုံသုံးသပ်ချက် (Overview)

▫️မိုးသည်းထန်စွာရွာသွန်းခြင်း: တစ်ပတ်တာလုံး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးဆက်တိုက်ရွာသွန်းနိုင်ပြီး အချို့ဒေသတွေမှာ မိုးကြီးခြင်းမှ အလွန်မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

▫️ပင်လယ်ပြင်အခြေအနေ: အနောက်တောင်မုတ်သုံလေ အားကောင်းမှုကြောင့် ကပ္ပလီပင်လယ်နဲ့ ပင်လယ်ကွေ့အထက်ပိုင်းတို့မှာ လှိုင်းအမြင့် ၂ – ၃ မီတာအထိ ရှိနိုင်ပြီး မိုးထစ်ချုန်းရွာစဉ်အတွင်း ၃ မီတာထက်မက မြင့်တက်နိုင်ပါတယ်။

📍 ဒေသအလိုက် ခန့်မှန်းချက်များ

၁။ မြောက်ပိုင်းဒေသ (Northern Region)

▫️ဇွန် ၂ – ၃ နှင့် ၆ – ၇ ရက်: နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး အနောက်ဘက်ခြမ်းဒေသတွေမှာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

▫️ဇွန် ၄ – ၅ ရက်: မိုးရွာသွန်းမှု ပိုမိုစိပ်လာနိုင်ပြီး နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

💨 လေတိုက်နှုန်း: အနောက်တောင်ဘက်မှ တစ်နာရီလျှင် ၁၀ – ၂၀ ကီလိုမီတာ။

🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၃၁ – ၃၇°C။

၂။ အရှေ့မြောက်ပိုင်းဒေသ (Northeastern Region)

▫️ဇွန် ၂ – ၃ နှင့် ၆ – ၇ ရက်: နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

▫️ဇွန် ၄ – ၅ ရက်: နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်မယ့် အခြေအနေ ရှိပါတယ်။

💨 လေတိုက်နှုန်း: အနောက်တောင်ဘက်မှ တစ်နာရီလျှင် ၁၀ – ၂၀ ကီလိုမီတာ။

🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၃၃ – ၃၈°C။

၃။ အလယ်ပိုင်းဒေသ (Central Region)

▫️ဇွန် ၂ – ၇ ရက်: တစ်ပတ်တာလုံး နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းမှာဖြစ်ပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

💨 လေတိုက်နှုန်း: အနောက်တောင်ဘက်မှ တစ်နာရီလျှင် ၁၀ – ၂၅ ကီလိုမီတာ။

🌡️ အပူချိန်: အနိမ့်ဆုံး ၂၄ – ၂၇°C၊ အမြင့်ဆုံး ၃၂ – ၃၈°C။

၄။ အရှေ့ပိုင်းဒေသ (Eastern Region)

▫️ဇွန် ၂ – ၃ ရက်: နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းမှ အလွန်မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

▫️ဇွန် ၄ – ၇ ရက်: မိုးပိုမိုများပြားလာပြီး နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီး၊ အလွန်မိုးကြီးနိုင်ပါတယ်။

💨 လေတိုက်နှုန်း: အနောက်တောင်လေ တစ်နာရီ ၂၀ – ၄၀ ကီလိုမီတာ။ လှိုင်းအမြင့် ၂ – ၃ မီတာ (မိုးခြိမ်းရွာစဉ် ၃ မီတာထက်ကျော်လွန်)။

🌡️ အပူချိန်: အနိမ့်ဆုံး ၂၄ – ၂၉°C၊ အမြင့်ဆုံး ၃၁ – ၃၇°C။

၅။ တောင်ပိုင်းဒေသ – အရှေ့ဘက်ကမ်းရိုးတန်း (Southern – East Coast)

▫️ဇွန် ၂ – ၄ ရက်: နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးရွာသွန်းပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

▫️ဇွန် ၅ – ၇ ရက်: နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသေးသည်။

💨 လေတိုက်နှုန်း: အနောက်တောင်လေ တစ်နာရီ ၂၀ – ၃၅ ကီလိုမီတာ။ လှိုင်းအမြင့် ၁ – ၂ မီတာ (ကမ်းလွန်နှင့် မိုးခြိမ်းရွာစဉ်တွင် ၂ မီတာထက်ကျော်လွန်)။

🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၃၁ – ၃၇°C။

၆။ တောင်ပိုင်းဒေသ – အနောက်ဘက်ကမ်းရိုးတန်း (Southern – West Coast)

▫️ဇွန် ၂ – ၄ ရက်: နေရာအနှံ့အပြား မိုးကြီးနိုင်ပြီး နေရာကွက်၍ အလွန်မိုးကြီးနိုင် ပါတယ်။

▫️ဇွန် ၅ – ၇ ရက်: နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းမှ အလွန်မိုးကြီးခြင်းများ ဆက်လက်ဖြစ်ပွားနိုင်ပါတယ်။

💨 လေတိုက်နှုန်း: အနောက်တောင်လေ တစ်နာရီ ၂၀ – ၄၀ ကီလိုမီတာ။ လှိုင်းအမြင့် ၂ – ၃ မီတာ (မိုးခြိမ်းရွာစဉ် ၃ မီတာထက်ကျော်လွန်)။

🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၆°C၊ အမြင့်ဆုံး ၂၉ – ၃၅°C။

၇။ ဘန်ကောက်နှင့် မဟာနဂရဒေသ (Bangkok Metropolitan)

▫️ဇွန် ၂ – ၇ ရက်: တစ်ပတ်တာလုံး နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး နေရာကွက်၍ မိုးကြီးနိုင်တဲ့ အခြေအနေရှိပါတယ်။

💨 လေတိုက်နှုန်း: အနောက်တောင်ဘက်မှ တစ်နာရီလျှင် ၁၀ – ၂၅ ကီလိုမီတာ။

🌡️ အပူချိန်: အနိမ့်ဆုံး ၂၄ – ၂၈°C၊ အမြင့်ဆုံး ၃၃ – ၃၇°C။

⚠️ အထူးသတိပေးချက် (Caution)

၁။ လျှပ်တစ်ပြက်ရေကြီးခြင်းဘေး: တစ်နိုင်ငံလုံးတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးရေချိန်များပြားစုဆောင်းလာခြင်းတို့ကြောင့် တောင်ခြေအနီးရှိ ရေလမ်းကြောင်းများနှင့် မြေနိမ့်ပိုင်းဒေသများတွင် လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မိဘပြည်သူများ အထူးသတိပြု နေထိုင်ကြပါရန်။ 

၂။ ရေကြောင်းသတိပေးချက်: ပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်အတွင်းရှိ ရေယာဉ်များအားလုံး မိုးသက်လေပြင်းကျရာဇုန်များကို ရှောင်ရှားပြီး သတိပြုခုတ်မောင်းကြရန်။ 

၃။ စက်လှေငယ်များအတွက်: ကပ္ပလီပင်လယ်အထက်ပိုင်းရှိ စက်လှေငယ်များ တစ်ပတ်တာလုံး ကမ်းအနီးတွင်သာ အခြေပြုကြရန်နှင့် ကပ္ပလီပင်လယ်အောက်ပိုင်းနှင့် ပင်လယ်ကွေ့အထက်ပိုင်းရှိ စက်လှေငယ်များသည် ဇွန် ၁ ရက်မှ ၅ ရက်အတွင်း ကမ်းနား၌သာ အခြေပြုကြရန် အထူးနှိုးဆော်အပ်ပါသည်။