နွန်ထဘူရီခရိုင်ရှိ Debsirin Nonthaburi ကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားစဉ် အင်္ဂလိပ်စာ သင်ကြားနေသည့် အတန်းခန်းအတွင်း မိနစ် ၃၀ နီးပါး တံခါးပိတ် ပုန်းအောင်းကာ အသက်ဘေးမှ လွတ်မြောက်ခဲ့ရပုံကို အထက်တန်းကျောင်းသားတစ်ဦးက ပြန်လည်ပြောပြခဲ့ပါတယ်။
Grade 12 (M.6/10) ကျောင်းသား၏ ပြောကြားချက်အရ အင်္ဂလိပ်စာ သင်ကြားနေစဉ် သေနတ်သံများ ကြားခဲ့ရပြီး ပထမတွင် ငှက်ပစ်နေသည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် အခြားကျောင်းသားတစ်ဦး ပြေးဝင်လာပြီး ဆရာတစ်ဦး သေနတ်ပစ်ခံရကြောင်း လာရောက်သတိပေးခဲ့သည်။
ကျောင်းသားများသည် တံခါးကို ချက်ချင်းပိတ်၍ လော့ခ်ချကာ စာပွဲများနှင့် ကုလားထိုင်များကို တံခါးဝတွင် အကာအကွယ်အဖြစ် တွန်းပိတ်ခဲ့ကြသည်။ မီးများမှိတ်၊ အသံတိတ်နေပြီး ခုံအောက်တွင် ကွေးဝပ်ကာ ရဲတပ်ဖွဲ့ လာရောက်ကယ်တင်သည်အထိ မိနစ် ၃၀ နီးပါး ပုန်းအောင်းခဲ့ကြသည်။
အဆိုပါကျောင်းသားသည် ပြတင်းပေါက်မှ ကြည့်ရှုစဉ် သေနတ်သမားသည် အဆောက်အအုံ ၅ မှ ဆင်းလာပြီး ၎င်းတို့ အတန်းခန်းရှိရာ အဆောက်အအုံ ၄ သို့ ပြေးဝင်လာသည်ကို တွေ့ရှိခဲ့ရသည်။ သေနတ်သမားသည် ၎င်းတို့ အတန်းခန်းရှေ့မှ ဖြတ်သန်းသွားခဲ့သဖြင့် ကံကောင်းစွာ မည်သူမျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။
ယခုကဲ့သို့ အန္တရာယ်ရှိသော အခြေအနေများတွင် မည်သို့တုံ့ပြန် ရမည့ိကို အွန်လိုင်း ဗီဒီယိုများမှတစ်ဆင့် အသက်ရှင်လွတ်မြောက်ရေး နည်းလမ်းများ လေ့လာထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သေနတ်သမားမှာ ကျောင်းမှ ညီငယ်တစ်ဦးဖြစ်သည်ကို သိရှိရပြီး၊ သေနတ်ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ထိတ်လန့်မှု ရှိနေသေးသော်လည်း ကျောင်းဆက်တက်မည်ဖြစ်ကာ ကျောင်းအတွင်းသို့ လက်နက်များ ပါမလာစေရန် ယခုထက်ပို၍ တင်းကြပ်စွာ စစ်ဆေးပေးရန် တောင်းဆိုထားသည်။
Source;Bangkok Post
