ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ အိုင်ယာလန်နှင့် အက်စတိုးနီးယား နိုင်ငံတို့ရှိ စူပါမားကတ်များမှ အအေးခန်းနှင့် ရေခဲသေတ္တာ စနစ်များသည် နိုဝင်ဘာ ၂ ရက် (တနင်္လာနေ့) တွင် ဆိုက်ဘာတိုက်ခိုက်ခံရမှုများကြောင့် အပူချိန်များ ထိန်းမရဘဲ မြင့်တက်သွားခဲ့ရပြီး အစားအသောက် အမြောက်အမြားကို စွန့်ပစ်ခဲ့ရကြောင်း သိရပါတယ်။
ယခုဖြစ်စဉ်သည် လွန်ခဲ့သည့်လက ပြင်သစ်နိုင်ငံတစ်ဝန်းရှိ စူပါမားကတ်ရာပေါင်းများစွာ၏ ရေခဲသေတ္တာ စနစ်များကို ဟက်ကာများက အဝေးမှ ထိန်းချုပ်ကာ အပူချိန်များ မြင့်တက်အောင် ပြုလုပ်ခဲ့သည့် ဖြစ်စဉ်၏ အဆက်ဖြစ်ပါတယ်။
🇪🇺 ထိခိုက်ခံရသည့် နိုင်ငံများနှင့် အခြေအနေများ
ဆွီဒင် (Sweden): ICA Group နှင့် Coop စူပါမားကတ် အချို့မှ ရေခဲသေတ္တာများ တိုက်ခိုက်ခံခဲ့ရသည်။ တောင်ပိုင်းရှိ ICA Kvantum ဆိုင်တစ်ဆိုင်တွင် ရေခဲသေတ္တာ အပူချိန်မှာ ၅၀ ဒီဂရီ စင်တီဂရိတ် (၁၂၂ ဒီဂရီ ဖာရင်ဟိုက်) အထိ မြင့်တက်သွားခဲ့သဖြင့် ပျက်စီးသွားသော ပစ္စည်းများကို စွန့်ပစ်ခဲ့ရသည်။
ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ် (Belgium & Luxembourg): Delhaize စူပါမားကတ်ဆိုင်ပေါင်း ဧကအနည်းငယ်နှင့် Carrefour ဆိုင် ၁၅ ဆိုင်တို့တွင် IT နည်းပညာ ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုကြောင့် လတ်ဆတ်ပစ္စည်းနှင့် ရေခဲရိုက် ပစ္စည်းအချို့ ရောင်းချမှု ခတ္တ ရပ်ဆိုင်းခဲ့ရသည်။
အက်စတိုးနီးယား (Estonia): Kitman Coldtech ရေခဲသေတ္တာ ကုမ္ပဏီ၏ ထိန်းချုပ်စနစ်အား ဟက်ကာများက ဝင်ရောက်ကာ အပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ်အထိ တိုးမြှင့်ခဲ့သော်လည်း မိနစ်ပိုင်းအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သဖြင့် ထိခိုက်မှု နည်းပါးခဲ့သည်။ Selver စူပါမားကတ်ဆိုင်တစ်ဆိုင် ထိခိုက်ခဲ့သည်။
အိုင်ယာလန် (Ireland): SuperValu ဆိုင်ပေါင်း ၁၃ ဆိုင်တွင် အေးခဲစနစ်များ တိုက်ခိုက်ခံခဲ့ရသဖြင့် ကြိုတင်ကာကွယ်သောအားဖြင့် ပစ္စည်းများကို စာရင်းမှ ဖယ်ရှားခဲ့ရသော်လည်း မွန်းလွဲပိုင်းတွင် ပြဿနာကို လုံးဝ ဖြေရှင်းနိုင်ခဲ့ပြီး ပစ္စည်းများ ပြန်လည် ဖြည့်တင်းနေပြီ ဖြစ်သည်။
Source;The Nation
